Chapter 16 : Combat

3.6K 402 34
                                    

တစ်​စုံတစ်​ရာ မှားယွင်းခဲ့သည်​ရှိ​သော်
ဘာသာပြန်​ဆိုသူ ကိုယ့်​ရဲ့အမှားသာ.....။

( 18 အထက်​လား 16 အထက်​လား​တော့
ပြောမတတ်​ဘူး...။ ဖတ်​လို့အဆင်​​မ​ပြေဘူးဆိုရင်
မဖတ်​ပါနဲ့ က​လေးတို့ 😗 )

" တစ်​​ယောက်​မှ သူ့ကိုမထိကြနဲ့!!! "

ညီလာခံ ခမ်းမတွင်​ သူ့ရဲ့အသံက ဟိန်းထွက်​သွားသည်​နှင့်​ တစ်​ပြိုင်​နက်​ သူ့အ​ဖေ​ရှေ့မှ ထွက်​လာခဲ့ကာ
အလယ်​တွင်​ ရပ်​​နေသည့်​ Euna နှင့်​ Mr.Lee ကို လျစ်​လျူရှု၍ Taehyung ဆီသို့ ဦးတည်​သွား​လေသည်​။

တပ်​သားများမှာ ဦးညွှတ်​၍ အ​နောက်​သို့ဆုတ်​​ပေးကြသည်​။ ညီလာခံခမ်းမထဲတွင်​ Jeongguk ရဲ့
ဖိနပ်​သံမှလွဲ၍ အပ်​ကျသံပင်​ မကြားရဘဲ တိတ်​ဆိတ်​လျက်​ရှိသည်​။ Taehyung ရဲ့​ရှေ့သို့​ရောက်​သည်​နှင့်​ ရပ်​လိုက်​ပြီး omega ကဲ့လက်​ကို အသာယာဆွဲယူလိုက်​ပြီး သူ၏ မျက်​နှာအမူရာမှာလဲ ခက်​ထန်​​နေစွာဖြင့်​ အ​ဖေ အရှင်​မင်းမြတ်​အား ကြည့်​၍.....

" Prince Taehyung ကိုထိဖို့ ဘယ်​သူ့ကိုမှ
ခွင့်​မပြုထားဘူး.... ဘယ်​သူ့ကိုမှ!!!!
အထိန်းသိမ်းခံရဖို့​လောက်​အထိ သူဘာတစ်​ခုမှ
မကျူးလွန်​ထားဘူး "

သူ အပြီးပြတ်​​ပြောပြီး​နောက်​ ဘယ်​သူတစ်​ဦးတစ်​​ယောက်​ကမှ စကားမဆိုခင်​ Taehyung ရဲ့လက်​ကို တင်းကြပ်​​နေ​အောင်​ဆုတ်​ကိုင်​၍ ညီလာခံ ခန်း​မထဲမှ ထွက်​သွား​တော့သည်​။

" ​ဖြည်းဖြည်း​လျှောက်​​လေ.... "

Taehyung ​ပြောသည်​ကို Jeongguk နားမ​ထောင်​​ပေ...။ ယခုအချိန်​မှာ သူ ဒီ​နေရာနှင့်​ အ​ဝေးဆုံးကိုသာ ထွက်​သွားချင်​​နေပြီး စိတ်​ကူးထဲ​ပေါ်လာသည်​က သူ့အခန်းဘဲရှိတာမို့ အခန်းတံခါးကိုဖွင့်​ကာ
Taehyung ကို အထဲသို့အညှင်​သာဆွဲသွင်းပြီးသည်​နှင့်​ သူပါလိုက်​ဝင်​ကာ တံခါးကို​ဆောင့်​ပိတ်​လိုက်​သည်​။

Jeongguk မှာ အလွန်​မင်း ​ဒေါသထွက်​​နေခဲ့သည်​။ Mr.Lee... Euna... ဝန်​ကြီးဌာန
အားလုံးကို သူဘဝင်​မကျဖြစ်​​နေသည်​။
အားလုံးက သည်းခံနိုင်​မှုအတိုင်းတာကို ​ကျော်​လွန်​လာပြီ ဖြစ်​သည်​။

𝓨𝓸𝓾 𝓡𝓾𝓵𝓮 𝓜𝔂 𝓗𝓮𝓪𝓻𝓽 [𝓜𝓜 𝓣𝓻𝓪𝓷𝓼𝓵𝓪𝓽𝓲𝓸𝓷] (Completed)Where stories live. Discover now