အပိုင်း ၅

6.9K 453 2
                                    

     အခန်း ၅

သူငယ်ချင်းရဲ့  ကျေးဇူးနဲ့  လစာများတဲ့ အလုပ်တစ်ခု ရသွားပေမယ့်လည်း ငွေရေးကြေးရေး အဆင်မပြေပါ။ အမေ့ဆေးဖိုးဆေးကုစရိတ်ကလည်း ပေးရတဲ့ ငွေကြေးပမာဏ ကလည်းများတော့ အကြပ်အတည်း ကြုံနေရသည်။အိမ်ဌားစာချုပ်ကလည်း ဒီလဆို ခြောက်လပြည့်ပြီ။အခုတလော ရုံးက အပြန် အချိန်ပိုင်း အလုပ်တစ်ခုလည်း ဝင်လုပ်ဖြစ်နေသည်။နေ့မအား ညမအား ရှာတာတောင် ဖောင်းမလာတဲ့ အိတ်ကပ်ကို ကြည့်ပြီး စိတ်ပျက်မိသည်။အိမ်လခခြောက်လစာပေးဖို့၊
အမေ့ဆေးဖိုး၊ တစ်လသုံးအိမ်စားရိတ် မလောက်ငတဲ့ ပိုက်ဆံကိုကြည့်ရင်း မျက်ရည်ဝဲလာမိသည်။
"သား"
"သြော် . . . မေမေ . . အိပ်ယာကနိုးလာပြီလား။သား မေမေ စားဖို့  ထမင်းကြော်ထားပြီးပြီ။ensure တစ်ခွက်ဖျော်ထားပေးမယ်။မျက်နှာသစ်ပြီးတာနဲ့ ရပြီ။
ခဏနော် မေမေ"

မေမေ မမြင်အောင် ပိုက်ဆံအိတ်ကို အမြန်ဖွက်လိုက်ပေမယ့် အလျင်မမှီပါ။မေမေ မြင်သွားသည်။

"သား "
"ဗျာ. . မေမေ"
"မေမေ ပြောစရာရှိလို့"
"ဟုတ်ကဲ့. .ပြောပါ . . သား နားထောင်နေပါတယ်။"

မေမေက ပြောဖို့ အရှိန်ယူနေပုံရသည်။အတော်နဲ့  စကားသံ ထွက်မလာဘဲ အတန်ကြာမှ
"လမ်းထိပ်က ၃ထပ်တိုက်ကို ပြောင်းလာတဲ့ လူတွေဆီမှာ ထမင်းဟင်းချက်ဖို့  အလုပ်သမားလိုလို့တဲ့ .  လစာလည်း ကောင်းကောင်းပေးမယ်တဲ့. ..အဲ့ဒါ. . မေမေ လုပ်ချင်တယ် သား. .လစာလည်း ကောင်းတယ်။အဝေးကြီးလည်း သွားစရာ မလိုဘူးဆိုတော့ တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် လုပ်ပါရစေ။"

မေမေ့ စကားတွေဟာ ရင်ဝအကန်ခံရသလို နာကျင်လိုက်တာ

"မေမေရယ် . . သားတစ်ယောက်လုံး ရှိနေတာကို ဘာလို့ အလုပ်လုပ်ရမှာလဲ. . မေမေက ကျန်းမာရေးလည်း ကောင်းတာမဟုတ်ဘဲနဲ့  ။နောက်တစ်ပတ် ဆိုရင်ပဲ မေမေ ဆေးရုံပြန်တက်ရဦးမယ်လေ။နားနားနေနေ နေပြီး အားမွေးပါ မေမေရယ်။ပိုက်ဆံ ကိစ္စအတွက်မပူနဲ့ သားတစ်ယောက်လုံး ရှိနေတာပဲဟာ"

"သားတစ်ယောက်တည်း ရုန်းကန်နေရတာ မေမေ အားနာလှပြီ"

"မေမေရယ် . . အဲ့လို မပြောပါနဲ့  သား ဘဝ တစ်လျှောက်လုံး မေမေပဲ ကျွေးမွေးပြုစု ပေးခဲ့တာလေ အဲ့ဒီ့ကျေးဇူးတွေ သားမှာ ဆပ်လို့ မကုန်ပါဘူး။ဘာမှတွေးမနေနဲ့နော်. . နေကောင်အောင်နေနော်
သား ရုံးသွားတော့မယ်နော် မေမေ"

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now