အပိုင်း ၁၆

4.6K 302 20
                                    

အခန်း ၁၆
zawgyi

ခေါင်ထက် ဟာ သူ့ ရဲ့ ကတိအတိုင်း ဟိန်းစစ်ကို တတ်နိုင်သလောက် ရှောင်ပါသည်။ရုံးကိစ္စက လွဲရင် ကျန်တဲ့အချိန် မျက်နှာလွှဲသည်။ခိုးမကြည့်ဘူးလားဆိုတော့ ကြည့်တာပေါ့လေ။သူ့ ရဲ့  ရုံးခန်းထဲကနေ တစ်ဆင့် ဟိန်းစစ်ရဲ့  အပြင်က လှုပ်ရှားမှုလေးတွေကို ခိုးကြည့်ရတဲ့ အကြိမ်အရေအတွက်ပေါင်းလည်း မနည်းပါဘူး။ညီငယ် ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်နေတာ မြင်တော့ ခေါင်ထက် ပျော်သည်။သူပျော်ရွှင်ဖို့ အတွက် ခေါင်ထက် နှလုံးသား ရင်းနှီးထားရတာတော့ ရင်ထဲမကောင်းပေ။

အခုဆို ညီငယ်နဲ့  နီးရက်နဲ့ ဝေးနေရတာ တစ်လနီးပါးရှိပါပြီ။တစ်ရုံးထဲ အလုပ်လုပ်နေပြီး မြင်သာမြင် မကြင်ရတဲ့ ဘဝပါ။
ဖြိုးမောင်သင်းကလည်း သူ့ ဆိုင်ကိစ္စလုံးပန်းနေတာနဲ့  ခေါင်ထက်ကိုတောင် အကူအညီပေးဖော်မရ။
ဖြိုးမောင်သင်းအိမ်မှာ ညီငယ့်ကို ဟင်းချက်သင်ပေးမယ့် ကိစ္စကလည်းပျက်သွားပြီ။ အကြောင်းအရင်းကတော့ ခေါင်ထက်ကြောင့်ပဲပေါ့။

ဒီနေ့လစာထုတ်ရက်ဖြစ်သည်။နီးရက်နဲ့ ဝေးနေရတဲ့စိတ်နဲ့ သတိရစိတ်က ကြီးစိုးနေတာမို့   တွေ့ ဆုံခွင့်ရဖို့ ကြံဖန်ရတော့သည်။လစာထုတ်ရက် အမှတ်တရ အနေနဲ့  အတွင်းရေးမှူးက တစ်ဆင့် ပြောခိုင်းလိုက်သည်။တစ်ရုံးလုံးတစ်ယောက်မကျန် မလာမနေရလို့ လည်း အမိန့်ထုတ်လိုက်သည်။နီးကပ်မှစီစဉ်ရတဲ့ ကိစ္စဖြစ်လို့ စားသောက်ဆိုင် ဘိုကင်လုပ်ရတာ အနည်းငယ် ခက်ခဲတာမို့ ဖြိုးမောင်သင်းကိုသာ အပူကပ်ရပါတော့သည်။

"ဟေ့ကောင် ခေါင်ထက် မင်းရူးနေလား။

"မင်းပဲ အဲ့ကလေး ကို မနှောက်ယှက်ဘူးလို့ ကတိပေးထားတယ် မဟုတ်လား။အခု ဘာတွေအကြံထုတ်နေပြန်တာလဲ။

"ဘာမှမလုပ်ပါဘူးကွာ။အနီးကပ်ငေးကြည့်ချင်ယုံလေးပါ
ငါ့ကြောင့် စိတ်ပင်ပန်းခဲ့ရတဲ့ ညီငယ့်ကိုလည်း အစားအသောက်ကောင်းလေးတွေ စားစေချင်လို့ပါကွာ။လုပ်ပါကွာ။ကူညီပါ သူငယ်ချင်းရာ။အပူကပ်စရာ ဆိုလို့  မင်းပဲရှိလို့ပါ။"

"ငါ့ဆိုင်က ဖွင့်ရသေးတာ မဟုတ်ဘူးလေ။ချက်ပြုတ်ဖို့  အသားငါး၊ အသီးအရွက် အစုံအလင် ဘယ်လိုလုပ်ရှိပါ့မလဲ"

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now