Present for readers.Extra part 51

2.3K 136 9
                                    


Present for readers.
Extra (အပိုင်း ၅၁)

Unicode

ဒီနေ့တော့ ဟိန်းစစ်၏ဆိုင် နေ့တဝက်ပိတ်သည်။နှစ်တနှစ်၏ နောက်ဆုံးရက် Happy New Year night ဖြစ်သောကြောင့် ဖြစ်သည်။ဆိုင်ဝန်ထမ်းတွေ အားလုံး နှစ်သစ်ကို ကြိုဆိုရအောင် ဆိုင်ပိတ်ပေးခြင်းဖြစ်သည်။

ဆိုင်ပိတ်ပေးပေမယ့် အားလုံးက အိမ်ကိုမပြန်ဘဲ ဆိုင်မှာပဲစုကာ နှစ်သစ်ကို ကြိုဆိုကြသည်။ရဲထက် လည်း ည၈နာရီလောက်မှ သူ့ရဲ့ ဝပ်ရှော့ဆိုင် ပိတ်ပြီး ရောက်လာပါသည်။

"အားလုံးကို နှစ်သစ်လက်ဆောင် ပေးမယ်နော်။ပြီးခဲ့တဲ့နှစ်တစ်နှစ်လုံး ကျွန်တော်နဲ့အတူ ဆိုင်ရဲ့ အကောင်း၊အဆိုး မှန်သမျှကို ခါးစည်းခံပေးတာ အရမ်း ကျေးဇူးတင်ပါတယ်။နောင်နှစ်တွေမှာလည်း ကျွန်တော့်ဆိုင်ကို ကူညီ လုပ်ကိုင်ပေးပါဦးလို့ တောင်းဆိုပါတယ်။လုပ်ဖော်ကိုင်ဖက် အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ"

ဆိုင်ဝန်ထမ်းတွေ အားလုံးကို ဟိန်းစစ် က ကျေးဇူးတင်စကား ပြောအပြီးမှာ သီဟ က ဆက်လက်ပြီး ကျေးဇူးတင်စကားဆိုပါသည်။

ပြီးတော့ ဆိုင်ဝန်ထမ်းတွေ ပျော်ရွှင်သွားအောင် တန်ဖိုးအသင့်အတင့်ရှိတဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဗလာမပါ ကံစမ်းမဲဖောက်ပေးပြီး
တစ်ယောက်ချင်းဆီကို နှစ်သစ်ဆုငွေများ ချီးမြှင့်ခဲ့ပါသည်။

ည 12 နာရီ တိတိ အချိန်မှာ Happy New Year လို့ သံပြိုင်ဟစ်အော်ကြသည်။စားသောက်လို့ အပြီးမှာတော့ ညတစ်နာရီကျော်လောက် ဖြစ်သွားသည်။ အားလုံးအသီးသီး ပြန်သွားကြချိန်မှာတော့ ဟိန်းစစ်နှင့်ခေါင်ထက်သာ အိမ်မှာ နှစ်ယောက်တည်းကျန်ခဲ့ပါသည်။တော်သေးတာက စားသောက်ပြီးသား ပန်းကန်နဲ့ အမှိုက်တွေကို ကူညီဝိုင်းဝန်းရှင်းပေးသွားလို့ ဘာမှထွေထွေထူးထူး လုပ်စရာ မလိုဘဲ တံခါးပိတ်ပြီး ကိုယ်လက်သန့်စင်ကာ အိပ်ရာထဲဝင်ကြသည်။ခေါင်ထက် ရင်ခွင်ထဲမှာ နားခိုရင်း

"အိပ်ကြစို့ ကိုကို။"

"ဟင့်အင်း။မအိပ်သေးဘူး။ညီငယ်နဲ့စကားတွေပြောချင်သေးတယ်။"

ညီငယ္  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now