အပိုင်း ၃၄

3K 230 20
                                    

အပိုင်း ၃၄
Zawgyi
‌သားအဖသုံး‌ယောက်‌ ‌မေ‌မေ့ကို ပြသဖို့အတွက်‌ နိုင်‌ငံခြား ကို တစ်‌လတာ ခရီးထွက်‌ခဲ့ရသည်‌။
မေ‌မေ့ရဲ့ ‌ဆေးစစ်‌ချက်‌ဟာ ဆိုးဆိုးဝါးဝါး မဖြစ်‌ခဲ့‌ပေ။ကုသလို့ရတဲ့အ‌နေအထားမျိုးပါ။
ဟိန်းစစ်‌ စိတ်‌ချကာ နိုင်‌ငံခြား ထွက်‌ခွာပြီး ပညာသင်‌ကြားလို့ရတဲ့ အ‌နေအထားမျိုးဖြစ်‌သည်‌။‌
‌နောက်‌တစ်‌ကြိမ်‌ ‌ဆေးကုသမှု ခံယူဖို့ အတွက်‌က‌တော့ အ‌ဖေ က တာဝန်‌ယူ‌ပေးတာမို့
ကျောင်းသွားတက်‌ဖို့ ‌မေ‌မေ့ဆီက ခွင့်‌‌တောင်း‌တော့ ခွင့်‌ပြု‌ပေးခဲ့သည်‌။အ‌ဖေ က‌တော့ ပိုပြီး အား‌ပေးသူ‌ပေါ့။အစစအရာရာ ‌ထောက်‌ပံ့‌ပေးသည်‌။

ဒီလိုပဲ ‌ခေါင်‌ထက်‌ သည်‌လည်း ဟိန်းစစ်‌ ကို ‌မေ့ထားသူမှ မဟုတ်‌တာ။သူ တတ်‌နိုင်‌သမျှ အကုန်‌လုပ်‌‌ပေးသည်‌။ ဂရုစိုက်​ တတ်‌တဲ့ အ‌ဖေနဲ့ ရင်‌ခုန်‌ဘက်‌ နှစ်‌‌ယောက်‌‌ကြောင့်‌ စိတ်‌ချမ်းသာရသည်‌။‌ပျော်‌ရွှင်‌ရပါသည်‌။ဒါ‌ကြောင့်‌ နိုင်‌ငံခြား ပညာသင်‌သွားဖို့ အမြန်‌ဆုံး ပြင်‌ဆင်‌လိုက်‌ရသည်‌။
သွားရမယ့်‌ရက်‌ ကပ်‌‌လေ‌လေ ‌တွယ်‌ကပ်‌လွန်းသူ ‌ခေါင်‌ထက်‌ အ‌ခြေအ‌နေက ပိုဆိုး လာ‌လေ‌လေပါပဲ။

"အစ်‌ကို ငိုချင်‌တယ်‌ သိလား"

"ဟင်‌. . .ဘာလို့လဲ"

"အရာရာ ‌အေးချမ်းမှု ရှိ‌နေတဲ့အချိန်‌ကျမှ ညီငယ်‌ က အစ်‌ကို့နားက ထွက်‌သွား‌တော့ မယ်‌‌လေ။အစ်‌ကို ဝမ်းနည်းပြီး ကျန်‌ခဲ့ရ‌တော့မှာ‌ပေါ့"

"ဝမ်းနည်းရ‌အောင်‌ ဆရာ က က‌လေးလား။ဒီအရွယ်‌ပဲ‌ရောက်‌‌နေပြီ ခံနိုင်‌ရည်‌ မရှိဘူးလား။ "

"ဟုတ်‌တယ်‌ ညီငယ်‌။ညီငယ်‌နဲ့ ပတ်‌သတ်‌ရင်‌
ဘာကိုမှ အစ်‌ကို ခံနိုင်‌ရည်‌ မရှိဘူး။အခုလည်း ပညာ‌ရေး ကိစ္စ ‌ကြောင့်‌သာ လွှတ်‌လိုက်‌ရမှာ။အစ်‌ကို့ ရင်‌ထဲမချိဘူး။
လိုက်‌လို့ရရင်‌ တစ်‌ခါတည်း လိုက်‌ခဲ့ချင်‌တာ။ဒီမှာ အလုပ်‌က ပစ်‌ထားခဲ့လို့ မရလို့သာ "

"စိတ်‌မပူပါနဲ့ ။ကျွန်‌‌တော် ကိုယ့်‌ကိုယ်‌ကိုယ်‌ ထိန်း‌ကျောင်းနိုင်‌ပါတယ်‌။ဆရာ့ အလုပ်‌သာ ကြိုးစားလုပ်‌။ကိုယ့်‌အလုပ်‌ကို သူများလက်‌ထဲမပါ‌အောင်‌ ကာကွယ်‌ပါ။"

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now