အပိုင်း ၄၂

3K 215 32
                                    

အပိုင်‌း ၄၂

Unicode

ခေါင်ထက် စိတ်ဓာတ် အလွန်ကျပါသည်။‌သူ ဟိန်းစစ် ကို တွေ့ရဖို့ အချိန်အကြာကြီး စောင့်ရသည်။ပြန်တွေ့တော့လည်း စိမ်းကားတဲ့အပြင် ရက်စက်မှုကိုပါ ရသည်။သူ အိမ်ထောင်ပြုလိုက်ပြီတဲ့။ဒါဟာ ခေါင်ထက် ကို အသေသတ်တဲ့ စကားလုံးပါ။မယုံဘူး။လုံး၀ မယုံဘူး လို့ ပြောတော့။ဒါဆို ကျွန်တော့် အမျိုးသားနဲ့ လိုက်တွေ့လေ ဆိုပြီး ဂျပန်အစားအစာ ရောင်းတဲ့ဆိုင်ကို လိုက်ပို့ခိုင်းပါသည်။

"ဒီမှာ ကျွန်တော့် အမျိုးသားပဲ။သူ့နာမည်က သီဟထူးစိန်။ဒီဆိုင်ကလည်း ကျွန်တော်နဲ့သူ နှစ်ယောက် စပ်တူရှယ်ယာနဲ့ တည်ထောင်ထားတဲ့ဆိုင်ပဲ။"

ဟိန်းစစ် ‌ပြောတဲ့ သီဟထူးစိန် ဆိုတာ ဟိုတစ်ခါ သူ့ကိုယ်သူ စည်သူဟိန်းစစ် လို့ ‌ပြောတဲ့ ကောင်လေးပဲ

"မင်း....မင်း...ဟိုနေ့က မင်းကိုမင်း စည်သူဟိန်းစစ် လို့ပြောပြီး ငါကို လိမ်တဲ့သူ"

‌လိမ်ရကောင်းလားဆိုပြီး ဒေါသဖြစ်လို့ ကောင်လေးကို ဆွဲထိုးဖို့ အနားအသွားမှာ ဟိန်းစစ် က ခေါင်ထက် ကို ရှေ့ဆက်တိုးမရအောင် တားမြစ်သည်။

"သူ့ကို ဘာမှလုပ်စရာ မလိုဘူး။ကျွန်တော် လိမ်ခိုင်းလို့ သူလိမ်တာ။ဟိုတစ်ရက်က ကားပါကင်မှာ ကျွန်တော့်ကို ရှာနေတာသိတယ်။ဆရာ ရှာနေတဲ့ ကားတွေထဲက တစ်စီးပေါ်မှာ ကျွန်တော် ရှိတယ်။
လုံခြုံရေး‌၀န်ထမ်းကတစ်ဆင့် ခင်ဗျားကို မောင်းထုတ်ခိုင်းတာလည်း ကျွန်တော်ပဲ"

ခေါင်ထက် မယုံကြည်နိုင်လောက်အောင် အံ့ဩရသည်။မျက်စိရှေ့မှာ ရှိနေတဲ့ ဟိန်းစစ်ဟာ သူ့အမျိုးသားပါလို့ ေပြာ‌နေသူရဲ့ ပုခုံးကိုဖက်ပြီး ဘာခံစားချက်မှ မရှိတဲ့မျက်နှာနဲ့ အေးစက်တဲ့ စကား‌လုံးတွေနဲ့ တစ်ခွန်းချင်းပြောသည်။

ပြောင်းလဲခြင်းတွေအားလုံးထဲမှာမှ ဟိန်းစစ်ရဲ့ သွေးအေးမှုပိုခြင်းဟာ ခေါင်ထက် ကို စိတ်ဓာတ်ပိုကျစေသည်။

"အားလုံးလည်း သိပြီးပြီဆိုတော့ ပြန်ပါတော့။နောင်လည်း ကျွန်တော့်ဘ၀ထဲကို လာမနှောင့်ယှက်ပါနဲ့တော့။"

ညီငယ္  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now