အခန်း ၇
zawgyiရုံးဆင်းတာနဲ့  အချိန်ပိုင်းအလုပ် မသွားနိုင်တော့ဘဲ ဆေးရုံ ကို ပြေးရသည်။အလုပ်မပျက်ချင်တာနဲ့ဘဲ ဘေးအိမ်က အစ်မကြီးကို အကူအညီတောင်းပြီး အမေ့ဘေးမှာနေခိုင်းရတာ သားတစ်ယောက်တာဝန်မဲ့ သလိုလည်း ခံစားရသည်။
"မေမေ နေသာရဲ့ လား"
ဆေးရုံကုတင်ပေါ်မှာ လှဲနေတဲ့ မေမေ့ရဲ့  လက်ကလေးကို ကိုင်ရင်း ငြင်သာစွာ စကားဆိုလိုက်သည်။ဟိန်းစစ် အသံကြားတာနဲ့ မေမေ့မျက်လုံးလေးတွေ အသာအယာပွင့်လာပါသည်။ခပ်ယဲ့ယဲ့ အပြုံးလေးပေးရင်း ခပ်တိုးတိုး စကားဆိုပါသည်။
"သား . . .အလုပ်မသွားဘူးလား"
"အလုပ်သွားပြီး ပြန်လာတာ မေမေ "
"ထမင်းကော စားပြီးပြီလား "
"သား မဆာလို့  မစားသေးဘူး မေမေ။မေမေ သာ နေကောင်းအောင်နေနော်။သားအတွက် စိတ်မပူနဲ့ ။
သား အချိန်မှန်ထမင်းစားပါတယ်"စကားတွေ အများကြီး ပြောလိုက်ရလို့ မေမေ မောသွားပြီ ထင်ပါရဲ့။ခေါင်းလေးဖြေးညင်းစွာ ညိတ်ပြီး ပြန်အိပ်သွားပါသည်။
"အစ်မမိုး ဘာစားပြီးပြီလဲ။"
ဟိန်းစစ် အစား မေမေ့နားမှာ နေပေးတဲ့ အိမ်နီးချင်း အစ်မကြီးအစ်မမိုးကို မေးလိုက်သည်။ငယ်စဉ်ကတည်းက ဟိန်းစစ်ကို ထိန်းကျောင်းလာတဲ့ အစ်မကြီးမို့ မောင်နှမအရင်းတွေလို ရင်းနှီးမှုက ပိုပါသည်။
"ငါ ခေါက်ဆွဲကြော် ဝယ်စားထားတယ်။နင်ကော ရုံးက ပြန်လာပြီး ဒီကိုတန်းလာတာမလား။လမ်းမှာ ဘာစားခဲ့လဲ။"
"မစားခဲ့ပါဘူး အစ်မမိုးရယ်။ကျွန်တော်လည်း အပူတွေနဲ့ ဆိုတော့ တစ်နေ့လုံး ဘာမှစားမဝင်ပါဘူး။"
"ဟဲ့ . .အဲ့လိုမလုပ်နဲ့လေ။အချိန်တန်ရင် စားစရာရှိတာ စားရမှာပေါ့ သွား. .သွား ဆေးရုံအောက်မှာ တစ်ခုခု သွားစားချေ။နင့်အမေအတွက် စိတ်မပူနဲ့ ငါရှိတယ်"
"မစားတော့ပါဘူး။အစ်မမိုး ပြန်ရင်ပြန်တော့လေ။ကျွန်တော် ဒီညစောင့်ပေးမယ်။ရဲထက်လည်း လာမယ်ပြောတယ်"
YOU ARE READING
ညီငယ် (ညီငယျ ) Zawgyi and Unicode
RomanceNote စာဖတ်သူများ ချစ်ပရိသတ်များ မင်္ဂလာပါ ဒီ ဝတ္ထု ကို စဉ်းစားထားတာ ကြာပေမယ့် မရေးဖြစ်ခဲ့ဘူး။ ရေးဖြစ်ပြန်တော့လည်း အများကြီး စဉ်းစားပြီးမှ တင်ဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ စာဖတ်သူတွေထဲမှာ အရွယ်သုံးပါး ကျား၊မ မရွေးပါဝင်နိုင်တဲ့အ...