အခန်း ၈ ****
age limited
"ရောက်လာပြီလား ဟိန်းစစ် ။"
"ဟုတ်ကဲ့ ကိုညို။"
"ခဏထိုင်ဦး။ဟိုလူရောက်နေပြီ။မင်းရောက်ပြီ ဆိုတဲ့အကြောင်း ငါသွားပြောလိုက်ဦးမယ်။"ထွက်သွားတဲ့ ကိုညို့ကို ကြည့်ပြီး ပြင်ဆင်ထားတဲ့ စိတ်တွေလည်း အဝေးကို လွင့်သွားသလို ရင်တွေ တုန်လာပါသည်။တစ်ခါအတွေ့အကြုံ ရှိထားသည် ဆိုပေမယ့် နောက်တစ်ကြိမ် တစ်ကယ်ကြုံရမယ့်အသိက လူကို ပြာယာခတ်စေသည်။အဲယားကွန်းအခန်းထဲ ချွေးစေးထွက်နေတဲ့ လက်နှစ်ဖက်ကို ဆုပ်နယ်နေချိန် ကိုညို အခန်းထဲ ပြန်ဝင်လာပါသည်။
"မင်းအဆင်ပြေရဲ့လား ဟိန်းစစ်။ဖြစ်ပါ့မလား။မင်းကြည့်ရတာ နေမကောင်းသလိုပဲ။"
"ရပါတယ် ကိုညို။ ကျွန်တော် ဘာမှမဖြစ်ပါဘူး။"
"ခံနိုင်ရည် မရှိရင် မင်း လဲသွားမှာစိုးလို့ပါ။"
"စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်။ဒီနေ့ ပိုက်ဆံမရရင် အဆင်မပြေလို့ပါ ကိုညို။"
"အေးပါကွာ ။ငါနားလည်ပါတယ်။ငါက စိုးရိမ်လို့ ပြောမိတာပါ။ကဲ လာလာ သွားရအောင်။"
လူကြီးရှိပါသည်ဆိုတဲ့ အခန်းရှေ့အရောက်မှာတော့ မျက်လုံးပဝါစည်းခြင်း ခံလိုက်ရ၍ အရာရာစမ်းတဝါးဝါးနဲ့ အသံကိုသာ နားစွင့်နေရသည်။ ကိုညို ထွက်သွားသံကြား ပြီးတာနဲ့အတူ တံခါးပိတ်သံ လော့ချသံကိုပါ တစ်ခါတည်း ကြားရသည်။ရေမွှေးနံ့ ရနေတာမှလွဲ၍ဘာသံမှမကြား ရတော့ပေ။ခဏနေတော့ ဘေးနှစ်ဖက်ကို လက်ဆန့်တန်းပြီး ခပ်တောင့်တောင့်လေး ရပ်နေတဲ့ ဟိန်းစစ်နားကို သူ ရောက်လာပြီး လက်တစ်ဖက်ကို ဆွဲယူလိုက်သည်။လန့်သွားသည့် စိတ်နဲ့ လက်ကို ရုန်းဖို့ ကြိုးစားမိသည်။
"မရုန်းပါနဲ့။"
အသံတစ်ခုကြောင့် တွန့်သွားကာ လက်ရှိအချိန်ကို သတိရသွားပြီး
YOU ARE READING
ညီငယ် (ညီငယျ ) Zawgyi and Unicode
RomanceNote စာဖတ်သူများ ချစ်ပရိသတ်များ မင်္ဂလာပါ ဒီ ဝတ္ထု ကို စဉ်းစားထားတာ ကြာပေမယ့် မရေးဖြစ်ခဲ့ဘူး။ ရေးဖြစ်ပြန်တော့လည်း အများကြီး စဉ်းစားပြီးမှ တင်ဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ စာဖတ်သူတွေထဲမှာ အရွယ်သုံးပါး ကျား၊မ မရွေးပါဝင်နိုင်တဲ့အ...