အပိုင်း ၄၅

2.9K 214 35
                                    

အပိုင်း ၄၅

Unicode

"သား....သား. "

"ဗျာ"

အိပ်မောကျနေရာမှ ဖခင်ဖြစ်သူ လာနှိုးသံကြားရလို့ ဟိန်းစစ် အိပ်နေရာမှ အလူးအလဲ ထလိုက်သည်။

"သား...ထ ဆေးရုံသွားရမယ်။"

"‌ဗျာ...မေမေ နေမကောင်းလို့လား။ဘာဖြစ်လို့လဲ အဖေ"

"သား အမေ ဘာမှမဖြစ်ပါဘူး။ဟို‌ကောင် ခေါင်ထက် car accident ဖြစ်လို့တဲ့ သား။သူ့အမေ ဖုန်းလှမ်းဆက်တယ်"

"ဗျာ...ဆရာ car accident ဖြစ်လို့ ဟုတ်လား အဖေ။ဘာများဖြစ်သွားသေးလဲဟင်။အသက် အန္တရာယ် စိုးရိမ်ရလား။အခု ဘယ်ဆေးရုံမှာလဲ။ဘယ်တုန်းက ဖြစ်တာလဲဟင်။"

အိပ်နေရာမှ ထထိုင်ပြီး ခေါင်ထက် သတင်းကြားတာနဲ့ စိုးထိတ်မှုအပြည့်နဲ့ မျက်စိမျက်နှာပျက်နေပြီး ဖခင်လက်တစ်ဖက်ကို ဆွဲကာ အလောတကြီးမေးနေမိသည်။

"ဖြည်းဖြည်းလည်း မေးပါ သားရယ်။သူ့အမေ ပြောတာကတော့ ဘာမှသိပ်မဖြစ်ဘူး ပြောတာပဲ။အဖေလည်း ကြားကြားချင်း အစိုးရိမ်လွန်သွားတယ်။အခုတော့ စိတ်သက်သာရာရပါတယ်။"

"ဘယ်အချိန်တုန်းက ဖြစ်တာတဲ့လဲဟင်"

"သားဆီက အပြန်မှာ ဖြစ်တာ"

ဖခင်ကို ဆွဲထားတဲ့လက်ကို ဖြုတ်ချပြီး အရုပ်ကြိုးပြတ် ဖြစ်သွားပါသည်။သူ့ကြောင့် ခေါင်ထက် ထိခိုက်မှုတွေ များလွန်းနေပြီ။ဟိန်းစစ် ပြောလိုက်တဲ့ စကားတွေကို ခံစားသွားရလို့ သူ ကားကို သတိလက်လွတ် မောင်းသွားရင်း ယာဉ်မတော်တဆ ဖြစ်သွားတာ ဖြစ်လိမ့်မည်။

"ကဲ ...သား ...ထ ...အဖေတို့ ဆေးရုံလိုက်သွားရအောင်။အဝတ်အစား လဲပြီး အောက်ဆင်းလာခဲ့။အဖေ ကားထဲမှာ စောင့်နေမယ်။"

အဖေ အခန်းထဲက ထွက်သွားသည်။ဟိန်းစစ် လည်း အဝတ်အစားအမြန်လဲပြီး အောက်ထပ်ကို ဆင်းခဲ့ရသည်။

ဆေးရုံရောက်တော့ ကုတင်ပေါ်မှာ အိပ်စက်နေတဲ့ ခေါင်ထက် ကို တွေ့ရသည်။သူ့နဖူးမှာ ပတ်တီးစီးထားသည်။ခေါင်းကို ထိခိုက်သွားပုံရသည်။
ကုတင်နံဘေးမှာ ဘေးချင်းယှဉ်ထိုင်နေတဲ့ အဘိုးနဲ့အဘွား အရွယ် ရှိတဲ့ သူနှစ်ယောက်ကို တွေ့ရသည်။ကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့ ခေါင်ထက် ကို ကြည့်နေတဲ့ အကြည့်တွေဟာ
စိုးရိမ်ပူပန်မှုတွေ အပြည့် ရှိနေသည်ဆိုတာ သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေမှာ ပေါ်လွင်နေတာ သေချာသည်။သူတို့နှစ်ယောက်ဟာ ခေါင်ထက်ရဲ့ မိဘနှစ်ပါးသာ ဖြစ်လိမ့်မည်။ဟိန်းစစ် တစ်ခါမှ မမြင်ဖူးပါ။အခုလို မြင်လိုက်ရတော့ ခေါင်ထက် ကို စွန့်လွှတ်လိုက်ဖို့ ကြိုးစားနေတာတွေ မှန်ကန်ကြောင်း ပိုသေချာသွားပါပြီ။သူတို့နှစ်ဦး အတော့်ကို အသက်အရွယ်ကြီးနေကြပြီပဲလေ။သူတို့နှစ်ဦးမှာ ခေါင်ထက်အပေါ် မျှော်လင့်ချက်တွေ အများကြီး ထားပေလိမ့်မည်။ရည်မှန်းချက်တွေ ရှိကြလိမ့်မည်။
သူ့သားဆီက လိုချင်တာအချို့လည်း ရှိပေလိမ့်မည် ။
ဖြိုးမောင်သင်း အနားကို ရောက်လာချိန်မှာတော့ ခေါင်ထက်ရဲ့ မိခင်ဖြစ်သူ ဖြစ်ဟန်တူသူက အနားရောက်လာသည်။

ညီငယ္  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now