အပိုင်း ၃၃

3.2K 234 14
                                    

အပိုင်း ၃၃

Zawgyi

"ညီငယ့်‌ စကားက ဘာကို ဆိုလိုတာလဲ"

‌ဗိုက်‌‌ပေါ် တင်‌ထားတဲ့ လက်‌ကို ရုတ်‌လိုက်‌ပြီး
‌ပြောင်းလဲသွားတဲ့ မျက်‌လုံး အ‌နေအထားနဲ့ စကားဆက်‌သည်‌။

"တစ်‌ခုခုဆို စိတ်‌ထဲမထားနဲ့ ‌ပြောတာပါ။ဆရာ က အစာအိမ်‌‌ရောဂါ ရှိတယ်‌ မဟုတ်‌လား။စိတ်‌ပင်‌ပန်းခံရင်‌ အစာအိမ်‌က မသက်‌သာမှာစိုးလို့ပါ။အစာအိမ်‌‌ရောဂါက စိတ်‌နဲ့လည်း ဆိုင်‌တယ်‌လို့ စာထဲမှာ ဖတ်‌ဖူးတယ်‌"

ဟိန်းစစ်‌ စကားကို ကြားရတာ အမြင့်‌ဆုံး အတင်‌ခံပြီးမှ တုတ်‌နဲ့ရိုက်‌ချခံရသလို ခံစားချက်‌ကြီးပါ။မှန်းချက်‌နဲ့နှမ်းထွက်‌မကိုက်‌‌ပေ။‌မျှော်‌လင့်‌ထားတာ အဆုံးစွန်‌ထိ။အခု‌တော့ ငိုရ‌လေမလားပဲ။
ဟိန်းစစ်‌ ဆိုသည်‌မှာလည်း ‌ခေါင်‌ထက်‌ လိုအပ်‌ချက်‌ကို လွယ်‌လွယ်‌ ဖြည့်‌ဆည်း ‌ပေးမယ့်‌သူမှ မဟုတ်‌ဘဲ‌လေ။
လွယ်‌လွယ်‌ ဖြည့်‌ဆည်း ‌ပေးတယ်‌ဆိုရင်‌ ဟိန်းစစ်‌ ဘယ်‌ဟုတ်‌ပါ့မလဲ‌လေ။

"ဒါဆို အစ်‌ကိုက ဖြစ်‌ချင်‌‌နေတဲ့ ဆန္ဒ မှန်‌သမျှ ‌ပေါက်‌ကွဲပစ်‌ရမှာ‌ပေါ့ ဟုတ်‌လား"

"ဟုတ်‌တယ်‌‌လေ"

"Ok ဒါဆို ‌ကောင်းပြီ‌လေ။ညီငယ်‌ ‌ပြောတဲ့ စကား‌နော်‌။ အစ်‌ကို့ဆီ လာခဲ့"

ဟိန်းစစ်‌ အတွက်‌ ရင်‌ခွင်‌ဖွင့်‌‌ပေးလိုက်‌ပါသည်‌။လိမ္မာစွာနဲ့ ရင်‌ခွင်‌ထဲ ဝင်‌လာသူ‌လေးဟာ အခုချိန်‌ ‌ခေါင်‌ထက်‌ အပိုင်‌သာ ဖြစ်‌သည်‌။‌မျှော်‌လင့်‌သလို လုပ်‌ခွင့်‌မရ‌တော့လည်း လုပ်‌လို့ ရ‌သ‌လောက်‌ ‌ကျေနပ်‌ရပါမည်‌။

ဟိန်းစစ် ‌ကျောပြင်‌နဲ့ သူ့ရင်‌ဘတ်‌ကို အပ်‌ကာ ဟိန်းစစ်‌ရဲ့ ခန္ဓာကိုယ်​ တစ်‌ခုလုံးကို သူ့ကိုယ်‌‌ပေါ်မှာ ဆွဲတင်‌လိုက်‌သည်‌။ဟိန်းစစ်‌ လည်း ပက်‌လက်‌က‌လေး ‌ခေါင်‌ထက်‌ ခန္ဓာကိုယ်​ပေါ်‌ ‌ရောက်‌သွားသည်‌။ ဟိန်းစစ်‌ သူ့ကိုယ်‌‌ပေါ်မှ ပြုတ်‌မကျ‌အောင်‌ ဟိန်းစစ်‌ ခါး‌လေးကို ‌ပွေ့ဖက်‌ကာ ထိန်းထား‌ပေးလိုက်‌သည်‌။

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now