အခန်း ၂၂
Zawgyiခေါင်ထက်တို့ နှစ်ယောက် ပြဿနာ ဖြစ်ပြီး အလုပ်ပြန်ဆင်းချိန်မှာတော့ ဟိန်းစစ်ရဲ့ ပုံစံဟာ အရင်ကထက် အဆပေါင်းများစွာ တည်ငြိမ်လာသည်။ ရုံးထဲက လူတွေနဲ့တောင် ဟက်ဟက်ပက်ပက် စကားမပြောတော့ဘဲ အလုပ်ကိုသာ အာရုံစိုက်လုပ်နေသည်။အပြုံးအရယ်လည်း အရင်ကထက် ပိုနည်းလာသည်။ဟိန်းစစ်ရဲ့ လှုပ်ရှားမှုတွေကို ရုံးခန်းထဲကနေ ကြည့်နေရင်း ခေါင်ထက် တစ်ယောက် အကြီးအကျယ် စိတ်မကောင်း ဖြစ်နေမိသည်။ဟိန်းစစ် ကို စိတ်ချမ်းသာစေချင်သည်။ပျော်ရွှင်မှုတွေ အပြည့်ရစေချင်သည် ပြောပြီး ဟိန်းစစ် ပိုင်ဆိုင်သမျှ အရာအားလုံး ပျောက်ဆုံးအောင် လုပ်နေသူကလည်း ခေါင်ထက် ကိုယ်တိုင်ဖြစ်နေသည်။
သူတစ်ခုခု လုပ်မှ ဖြစ်တော့မည်။အတွေးတွေနဲ့ ယောက်ယက်ခတ်ပြီး အလုပ်ဆင်းချိန်ရောက်တာတောင် သတိမထားမိတော့ ရုံးခန်းတံခါးလာခေါက်ပြီး ဝင်ခွင့်တောင်းကာ ဟိန်းစစ် ဝင်လာတော့မှပဲ ခေါင်ထက် အသိဝင်တော့သည်။
"ကျွန်တော် ပိုက်ဆံလာပြန်ပေးတာပါ။ဟိုနေ့က သေချာမကြည့်ဘဲ ပိုက်ဆံအကုန်ယူလာခဲ့မိလို့ပါ။
အိမ်ရောက်မှ ပြန်ကြည့်တော့ ပိုက်ဆံက တန်ရာတန်ကြေးထက် များနေလို့ပါ။အဲ့တာကြောင့် ပိုတဲ့ ပိုက်ဆံ လာပြန်ပေးတာပါ။"ကျွတ်အိတ်နဲ့ ထုတ်ထားတဲ့ ပိုက်ဆံထုပ်ကို ခေါင်ထက် ရှေ့က စားပွဲပေါ်မှာ ချပေးသည်။ခေါင်ထက် ဘက်က ဘာပြန်ပြောရမှန်းမသိအောင် တဒင်္ဂ ဆွံ့အစေသည်။
မာနကြီးသူ သူတစ်ပါး အပေါ် ငွေကြေးတစ်ပြားတစ်ချက်တောင် အတင်မခံတဲ့သူပါလား။ခေါင်ထက် ဆီက အဖြေစကား ဘာမှ မကြားရတော့ ပိုက်ဆံထုပ်ပေးပြီးတာနဲ့ ဟိန်းစစ် လည်း ပြန်ဖို့အတွက် တံခါးဆီ လှည့်ထွက်ခဲ့သည်။ဟိန်းစစ် အနားက ထွက်ခွာမှပဲ သတိဝင်လာသူ ခေါင်ထက် တစ်ယောက် ဟိန်းစစ် နောက်ကို အပြေးသွားပြီး ထွက်မရအောင် တံခါးပေါက်ကို ကျောပေးရပ်လိုက်ပြီး အခန်းတံခါးလော့ခ် ချလိုက်သည်။ဒါကို မြင်သူ ဟိန်းစစ် တစ်ယောက် တည်နေတဲ့ မျက်နှာ ပိုပြီး တင်းသွားသည်။
DU LIEST GERADE
ညီငယ် (ညီငယျ ) Zawgyi and Unicode
RomantikNote စာဖတ်သူများ ချစ်ပရိသတ်များ မင်္ဂလာပါ ဒီ ဝတ္ထု ကို စဉ်းစားထားတာ ကြာပေမယ့် မရေးဖြစ်ခဲ့ဘူး။ ရေးဖြစ်ပြန်တော့လည်း အများကြီး စဉ်းစားပြီးမှ တင်ဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ စာဖတ်သူတွေထဲမှာ အရွယ်သုံးပါး ကျား၊မ မရွေးပါဝင်နိုင်တဲ့အ...