အပိုင်း ၃၆
Zawgyi
ဟိန်းစစ် နိုင်ငံခြား ထွက်သွားပြီး ကတည်းက သတိရစိတ်နဲ့ နေလို့ထိုင်လို့ မကောင်းတာ အမှန်ပဲ။ပုံမှန်ဆို ရုံးခန်းထဲ လှုပ်ရှားသွားလာနေတဲ့ ဟိန်းစစ် ကို ရုံးချိန်ရောက်တိုင်း အမြဲမြင်နေရသည်။အရင်က
နမ်းရှိုက်ခွင့်ရသည်။ပွေ့ဖက်ခွင့်ရသည်။နွေးထွေးမှု ပေးခွင့်ရသည်။အခုတော့ ဖုန်းဆက်စကားပြော၊ video call ခေါ်ခွင့်သာရသည်။ဖုန်းကလည်း အချိန်တိုင်းခေါ်ဆို စကားပြောလို့ မရပေ။သူ ကျောင်းသွားနေတဲ့ အချိန်ဆို ဖုန်းမကိုင်။ညကျလို့ မျက်နှာလေးတွေ့ချင်တာနဲ့ video call ခေါ်မယ် ဆိုလည်း ခဏပဲ တွေ့ရပါသည်။စာကျက်ရဦးမည်။အိပ်ချင်သည် ဆိုပြီး အကြောင်းပြကာ လိုင်းပေါ်က ဆင်းဆင်းသွားသည်။အဲ့လို ညမျိုးဆို ခေါင်ထက် အိပ်မပျော်တော့ပါ။တကယ်ကော အိပ်ချင်တာမှ ဟုတ်ရဲ့လား တကယ်ကော စာကျက်ရဲ့လား သူနဲ့ စကားမပြောချင် လို့များလား ဆိုတဲ့ အတွေးတွေဟာ ဦးနှောက် တစ်ခုလုံးထဲမှာ ကြီးစိုးမှု များလာသည်။အိပ်ရေးဝဝမအိပ်ရတော့ အလုပ်ထဲမှာ စိတ်မပါ။ရုံးဝန်ထမ်းတွေကို စိတ်အလိုမကျတာတွေဖြစ်လာသည်။
ဒါကို ဖြိုးမောင်သင်း သိသွားတော့ ငါ့သားဆီ ခဏတစ်ဖြုတ် သွားလည်လိုက်ရင် မင်းစိတ်သက်သာရာရမည် ဟု အကြံပေးတာနဲ့ ဟိန်းစစ် သွားပြီး ၃လ အကြာမှာ သူ့ဆီ လိုက်သွားခဲ့သည်။ဟိုရောက်တော့ ဘယ်နဲ့ရှိစ ။မလိုအပ်ဘဲ လိုက်လာရမလား ဆိုပြီး ခေါင်ထက် ကို ပြောတာ ရစရာ မရှိ။ခေါင်ထက် ဆိုသည်မှာ လည်း ဟိန်းစစ် ဘာပြော ပြော ပြုံးဖြီးဖြီးနဲ့ ပေါ့။ဒီလိုနဲ့ နေ့ရက်တွေ ဖြတ်သန်းဖြစ်ကြရင်း တစ်နှစ်ကျော် ကာလကို ဖြတ်ကျော်လာခဲ့သည်။
ဒီနေ့လည်း ဟိန်းစစ်နဲ့ စကားပြောခွင့်ရဖို့ စောင့်ဆိုင်းနေရသည်။ည၇နာရီလောက်မှ ဆယ်မိနစ်စာလောက် ပြောခွင့်ရသည်။
YOU ARE READING
ညီငယ် (ညီငယျ ) Zawgyi and Unicode
RomanceNote စာဖတ်သူများ ချစ်ပရိသတ်များ မင်္ဂလာပါ ဒီ ဝတ္ထု ကို စဉ်းစားထားတာ ကြာပေမယ့် မရေးဖြစ်ခဲ့ဘူး။ ရေးဖြစ်ပြန်တော့လည်း အများကြီး စဉ်းစားပြီးမှ တင်ဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ စာဖတ်သူတွေထဲမှာ အရွယ်သုံးပါး ကျား၊မ မရွေးပါဝင်နိုင်တဲ့အ...