အပိုင်း ၃၇
Zawgyi
"ညီငယ်"
"ဗျာ"
မီးဖိုချောင် ထဲ အေပရွန်လေး ဝတ်ပြီး ဟင်းချက်နေသူလေးနား အသာချဉ်းကပ်သွားလိုက်သည်။ကျောပေးကာ ဟင်းချက်နေသူလေးရဲ့ ကျောပြင်ကို ရင်နဲ့သွားအပ်ကာ ပခုံးလေးတစ်ဖက်ပေါ် မေးစေ့လေးတင် ခါးလေးကို ဖက်ပြီး သူဘာချက်နေသလဲ ချောင်းကြည့်လိုက်သည်။
နာမည်ခေါ်လိုက်ရင်ပဲ "ဗျာ" ဆိုတဲ့ အသံလေးနဲ့ ပြန်ထူးရှာသည်။"ဘာတွေချက်နေတာလဲ"
"ဆရာ စားလို့ရတာလေးတွေပေါ့။အစုံပဲ"
"အများကြီးမချက်ပါနဲ့။ပင်ပန်းပါတယ်။"
"ကျွန်တော် ချက်ကျွေး ချင်လို့ပါ။နေပါဦး။ဘာလို့ ကျွန်တော့် နားလာကပ်နေတာလဲ။ရေချိုးပြီးပြီမဟုတ်လား။ဝေးဝေးနေလေ။ကျွန်တော်က ရေချိုးရသေးတာမဟုတ်ဘူး။ချွေးတွေနဲ့။"
"ဘာဖြစ်လဲ။ကိုယ့်ချစ်သူရဲ့ ချွေးပဲလေ။ကိုယ်သင်းနံ့လေးကို အနီးကပ် ရှူရှိုက်ခွင့် ရတာ ဘယ်လောက် ကံကောင်းလိုက်သလဲ။"
ခေါင်ထက် အပြောလေး သဘောကျလို့ ဟိန်းစစ် ပြုံးလိုက်မိသည်။
"ဟုတ်ပါပြီဗျာ။အခုတော့ ဖယ်ပါဦး။ဒီမှာ ဟင်းအိုးနဲ့ အပူလောင်ကုန်ပါ့မယ်"
ဟိန်းစစ် ပြောမှပဲ ဖယ်ပေးလိုက်ကာ ခုံမှာ ငြိမ်ငြိမ်လေးသွားထိုင်ပြီး ဟင်းချက်တာ လက်စသတ်နေတဲ့ ဟိန်းစစ် ကို လှမ်းကြည့်နေလိုက်သည်။အေပရွန် ဝတ်ကာ ဟိုလျှောက်ဒီလျှောက် လှုပ်ရှားနေတဲ့ သူလေးကို ကြည့်နေမိသည်။စောနက နောက်ဘက်ကနေ ပွေ့ဖက်လိုက်ချိန် အနည်းငယ် ပိန်သွားသလို ခံစားရသည်။မျက်နှာလေးလည်း ချောင်ကျနေသည်။မျက်ကွင်းတွေလည်း အနည်းငယ် ညိုနေသည်။
ကျောင်းတက်ရတာနဲ့ စာကျက်ရတာ ပင်ပန်းလွန်းနေလို့များလား။
YOU ARE READING
ညီငယ် (ညီငယျ ) Zawgyi and Unicode
RomanceNote စာဖတ်သူများ ချစ်ပရိသတ်များ မင်္ဂလာပါ ဒီ ဝတ္ထု ကို စဉ်းစားထားတာ ကြာပေမယ့် မရေးဖြစ်ခဲ့ဘူး။ ရေးဖြစ်ပြန်တော့လည်း အများကြီး စဉ်းစားပြီးမှ တင်ဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ စာဖတ်သူတွေထဲမှာ အရွယ်သုံးပါး ကျား၊မ မရွေးပါဝင်နိုင်တဲ့အ...