အပိုင်း ၁၀

6.1K 393 13
                                    

အခန်း ၁၀

zawgyi

ဒီ‌နေ့ လစာထုတ်‌ရက်‌ ဖြစ်‌သည်‌။ဟိန်းစစ်‌ တစ်‌‌ယောက်‌ အလွန်‌ ‌ပျော်‌‌နေသည်‌။ဒီ‌နေ့ ပိုက်‌ဆံရမည်‌။မနက်‌ဖြန်‌ အ‌မေ့ကို ‌ဆေးရုံပို့ရမည်‌။လက်‌ထဲမှာ ‌ငွေများများကိုင်‌ပြီး
‌ဆေးရုံ သွားရချိန်‌ဆို ဟိန်းစစ်‌ ‌ပျော်‌သည်‌။မနက်‌ကတည်းက ‌ပျော်‌ရွှင်‌‌နေ‌သော ဟိန်းစစ်‌ မျက်‌နှာ‌ကြောင့်‌ ရုံးခန်းထဲက‌ လူ‌တွေ‌တောင်‌ ဂရုပြုမိ‌နေပါသည်‌။

"ဟိန်းစစ်‌ ဒီ‌နေ့ မိုးလင်းထဲက ပြုံးရွှင်‌‌နေပါလား။ဘာလဲ ‌ကောင်‌မ‌လေး ဆီက အ‌ဖြေရမှာမို့လား။"

"ဟာ. .မဟုတ်‌ပါဘူး မမသူ ရဲ့ ဒီ‌နေ့ လစာထုတ်‌ရက်‌ မို့ ‌ပျော်‌‌နေတာပါ‌ဗျ"

"ဟိန်းစစ်‌ ပို‌ပျော်‌ရ‌အောင်‌ ‌ပြောလိုက်‌ဦးမယ်‌ သိလား။
အခုထုတ်‌တဲ့ လစာထဲမှာ နှစ်‌ကူး‌ဘောနပ်‌ပါ ထည့်‌‌ပေး မယ်‌တဲ့။"

"ဟာ . . တကယ်‌လား‌ဗျ။ဟာ... .ဒါဆို ဒီလ လစာ‌တွေ အများကြီး ရမှာ‌ပေါ့‌နော်‌။‌ပျော်‌လိုက်‌တာ‌ဗျာ။"

ဟန်‌မ‌ဆောင်‌နိုင်‌‌အောင်‌ ‌ပျော်‌‌နေတဲ့ ဟိန်းစစ်‌ကို ကြည့်‌ပြီး တစ်‌ရုံးလုံးမှာ ရှိတဲ့ လူ‌တွေက ဝိုင်းရယ်‌‌နေကြပါသည်‌။

"လူလွတ်‌ဖြစ်‌တဲ့ ဟိန်းစစ်‌‌ပျော်‌‌နေတာ မြင်‌ရ‌တော့ အိမ်‌‌ထောင်‌သည်‌ဖြစ်‌သူ‌တွေ‌တော့ ပါးစပ်‌အ‌ဟောင်းသား ဖြစ်‌ပြီ။"

မမသူက လှမ်းစ‌နေသည်‌မို့ ဟိန်းစစ်‌ ရှက်‌ပြုံး‌လေးသာ ပြုံး‌နေမိပါသည်‌။စကား‌ပြော‌နေကြတုန်း သိပ်‌မကြာခင်‌မှာပဲ HRဌာနက မဝင်း‌မော်‌ ‌ရောက်‌လာပြီး တုံကင်‌နံပါတ်‌ ပြား‌လေး‌တွေ လာ‌ပေးပါသည်‌။

"12နာရီနောက်ပိုင်း လစာလာထုတ်လို့ ရပြီ။ နံပါတ် စဉ်အတိုင်း တစ်ယောက်ချင်းဆီလာထုတ်ပေးနော်"

မှာစရာ ရှိတာမှာရင်း မဝင်းမော် ပြန်သွားသည်။လက်ထဲက တုံကင်နံပါတ်ပြားအရ ဟိန်းစစ် နံပါတ်ကတစ်ခန်းလုံးမှာ  နောက်ဆုံးဖြစ်နေသည်။
မှန်တွေကာထားတဲ့ ရုံးခန်းထဲကို လှမ်းမျှော်ကြည့် လိုက်သည်။ခွင့်ယူဖို့ ကိစ္စဘယ်လိုပြောရပါ့။
ထမင်းစားချိန်ပြီးတော့ အသီးသီး လစာသွားထုတ်ကြ သည်။တုံကင် နံပါတ်နောက်ဆုံးဖြစ်တဲ့ ဟိန်းစစ်ကတော့ အားလုံးပြီးမှသွားဖို့ ဆုံးဖြတ်ထားသည်။လစာထက် အရေးကြီးတာက ခွင့်ယူဖို့ ကိစ္စ။မနက်ကတည်းက အခုချိန်ထိ ဆရာတစ်ယောက် အခန်းထဲက ထွက်လာတာ မတွေ့ရသေး။ထမင်းကော စားပါရဲ့လားမသိ။နာရီကြည့် လိုက်တော့ ၂နာရီထိုးပြီ။

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now