အပိုင်း ၁၇

4.4K 304 5
                                    

အခန်း ၁၇

zawgyi

ဖြိုးမောင်သင်း ပြန်ရောက်လာချိန်မှာတော့ နှစ်ယောက်စလုံးရဲ့  အနေအထားကို ကြည့်ပြီး စိတ်ပျက်သွားသည်။တစ်ယောက်က ကျောပေးကာ အိပ်နေသည်။တစ်ယောက်က အိပ်နေသူရဲ့  ကျောပြင်ကို စူးစိုက်ကာ ကြည့်နေသည်။တကယ်တမ်းကြည့်မယ် ဆိုရင် မျှော်လင့်ချက်မဲ့နေသူနဲ့  မျှော်ကြည့်သူ အဖြစ်မြင်နေရသည်။နီးရက်နဲ့ ဝေးနေကြသူနှစ်ဦးကို ဘယ်လိုလုပ်ပေးရင် ကောင်းမလဲ အမြဲတွေးနေမိသည်။သူငယ်ချင်းဖြစ်သူ အသက်ကြီးမှ အချစ်အတွက် ရင်နင့်အောင် ခံစားနေရတာစိတ်ထဲလည်း မကောင်းဘူး။
ငယ်ငယ်ကတည်းက အတူစား အတူသွား အတူကြီးပြင်း လာသူမို့  ခေါင်ထက် အကြောင်းကောင်းကောင်းသိ သည်။ချစ်သူ၊ရည်းစား ပေါများစွာ ထားတတ်သူဖြစ်ပေမယ့် တစ်ယောက်သွားရင် တစ်ယောက်လာမယ်ဆိုတဲ့ စိတ်မျိုးပဲ သူ့ မှာရှိသည်။
နှလုံးသားတစ်ခုလုံး ဘဝတစ်ခုလုံး ပေးဆပ်ရအောင် ချစ်ရသူဆိုတာမရှိခဲ့ဖူးဘူး။အရာရာပြည့်စုံသူတစ်ယောက်လို့  ပြောလို့ ရသူမှာ အခုချိန်မှတော့ လမ်းပျောက်နေသလိုပါ။

ခေါင်ထက် တစ်ယောက် ယောက်ျားလေးတစ်ယောက်ကို ချစ်နေသည် ဆိုတာကို သိချိန်က အရမ်းအံ့သြမိသည်။သူငယ်ချင်းဖြစ်သူ ဘာ့ကြောင့် လမ်းကြောင်းပြောင်းသွား သလဲပေါ့။ဒါမှမဟုတ် တစ်ဖက်က ကောင်လေးဘက်ကများ ငွေကြေးချမ်းသာသူမို့  မြူဆွယ်နေသလားလို့ တော့ တွေးမိသည်။တကယ်တမ်း ဟိန်းစစ် ကို တွေ့ လိုက်ချိန်မှာတော့ သူ့ အတွေးတွေ မှားသွားသည်။အရမ်းဖြူစင်တဲ့ ကလေးတစ်ယောက်ကို တွေ့ လိုက်ရတော့ ဖြိုးမောင်သင်း အတွေးတွေမှားသွား သည်။ခေါင်ထက် စွဲလမ်းရင်လည်း စွဲလမ်းချင်စရာ လေးပါ။အသက်အရွယ်အားဖြင့် ကြည့်မယ်ဆိုရင် သူတို့ နှစ်ယောက်ရဲ့  သားအရွယ်လောက် ဖြစ်နေပေမယ့် အနေအထိုင်ကတော့ လူကြီးဆန်သည်။ဒီဘက်ခေတ်မှာ ခပ်ရှားရှားတွေ့ ရတဲ့ ပုဆိုးနဲ့ ရှပ်အကျီင်္ ကိုသာ အမြဲဝတ်ဆင် တတ်သည်။အသက်အရွယ်နဲ့  မလိုက်အောင် တည်ငြိမ်အေးချမ်းသူမို့  ခေါင်ထက်ရဲ့ တစ်ဇွတ်ထိုးဆန်မှုတွေဟာ သူ့ အတွက် လက်မခံနိုင်တဲ့ အရာတွေဖြစ်လာသည်။မာနကြီးသူ ခေါင်ထက်ဟာ ကလေးတစ်ယောက်ဆီမှာ အပြောအဆို ခံနေရတာတွေ ငြိုငြင်ခံနေရတာတွေ ဖြစ်လာသည်။
အခုတော့ တစ်ယောက်က လိုက်သည်။တစ်ယောက်က ပြေးသည် ဆိုသလို ဖြစ်နေသည်။

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now