အပိုင်း ၄၃

3K 196 28
                                    

အပိုင်း ၄၃
Unicode

သီဟ အ‌နေနဲ့ ဟိန်းစစ် ကို စသိခဲ့ချိန်က ပျော်ရွှင်စရာ နေ့ရက်မျိုးတော့ မဟုတ်ခဲ့ပေ။သီဟရဲ့ ဖခင်ဖြစ်သူ ဦးထူးစိန် ဟာ ဦးရဲပိုင်မြတ်၏ အလုပ်သမားတစ်ဦးဖြစ်သည်။လက်ရုံးတစ်ယောက်လည်း ဖြစ်သည်။ဦးရဲပိုင်မြတ် ခိုင်းသမျှကို အကုန်လုပ်ပေးရသူဖြစ်သည်။ဦးရဲပိုင်မြတ်သည် ‌ငွေကြေးချမ်းသာသလို အပေးအကမ်းလည်း ရက်ရောသူပါ။သူ့တပည့်အားလုံးကို ငွေကြေးမှစလို့ မိသားစု စားဝတ်နေရေးပါ လိုလေသေးမရှိထောက်ပံ့ပေးသူဖြစ်သူ ဖြစ်သည်။သဘောဆိုးသူ မဟုတ်ဘဲ သဘောကောင်းသူလို့ ပြောရမှာ။ဒါပေမဲ့ သူ့အကျင့်တစ်ခုက လိုတာကို မရရအောင် ယူတတ်သည်။ဖြစ်ချင်တာဆိုရင် ဘာကိုမှ ဂရုမစိုက်ဘဲ ဖြစ်အောင်လုပ်တတ်သည်။သူ့မှာ ဟိုတယ်တွေရှိသည်။စားသောက်တွေပိုင်သည်။အခြားစီးပွားရေး လုပ်ငန်းအတော်များများကို တည်ထောင်ထားသူ။တပည့်တပန်းလည်း ပေါများသူဖြစ်သည်။သီဟ ကလည်း အဖေနဲ့ ဦးရဲပိုင်မြတ်ရဲ့ ဟိုတယ်မှာ အလုပ်လုပ်ရင်း ကျောင်းတက်ရသည်။

တစ်ရက်တော့ အဖေနဲ့ သူ့တပည့်‌ေတွေက ကောင်လေးတစ်ယောက်ကို မေ့ဆေးအုပ်ပြီး ဖမ်းခေါ်လာသည်။ဘာကိစ္စဆိုတာ မသိပေမယ့် သတိမေ့နေတဲ့ အဲ့ဒီ့‌ေကာင်လေးကို ဦးရဲပိုင်မြတ် အခန်းထဲကို ခေါ်သွားကြသည်။အဲ့ဒီ့အချိန်က သီဟလည်း အဖေ့နားမှာ ရှိနေသည်။မယောင်မလည်နဲ့ အဖေ့နားကို သွားပြီး သိချင်စိတ်နဲ့ မေးကြည့်ရသည်။

"အဖေ စောနက အဖေတို့ခေါ်လာတဲ့ကောင်လေးက ဘယ်သူလဲဟင်။ဘယ်ကလဲ။ဘာလို့သူ့ကို ဖမ်းခေါ်လာတာလဲ။ဘာလို့ ဆရာကြီးအခန်းထဲမှာ ထားတာလဲ။"

"လိုအပ်လို့ ခေါ်လာတာပေါ့။သားနဲ့မဆိုင်ပါဘူး။သားက စာကြိုးစားရမယ်။တစ်‌နေ့ နိုင်ငံခြားမှာကျောင်းတက်ရဖို့ ဆရာကြီးကို အဖေ ပြောပေးမယ်။ကျန်တဲ့ကိစ္စ သားနဲ့ဘာမှမဆိုင်ဘူး။"

အဖေ့ရဲ့ စကားကို ဟုတ်ကဲ့ လို့ ပြောလိုက်ပေမယ့် စပ်စုချင်စိတ်က ရှိနေတော့ ဆရာကြီးအခန်းနားကို မယောင်မလည် စပ်စုကြည့်သည်။အခန်းဝမှာစောင့်နေသူက သီဟနဲ့ ရင်းနှီးတဲ့ အစ်ကိုကြီးဖြစ်နေတော့ အအေးတစ်ပုလင်းတိုက်ပြီး စပ်စုကြည့်ရပါသည်။

ညီငယ္  (ညီငယ် )   Zawgyi and UnicodeOù les histoires vivent. Découvrez maintenant