အပိုင်း ၂၈

3.6K 286 37
                                    

အပိုင်း ၂၈

Zawgyi

"ခွပ်‌"

ဖြိုး‌မောင်‌သင်း တစ်‌‌ယောက်‌ ညအချိန်‌ အိမ်‌ကို
ဖုန်းမဆက်‌ ဘာမဆက်‌ ‌ရောက်‌လာပြီး
ဘာမ‌ပြောညာမ‌ပြောနဲ့ ဧည့်‌ခန်းထဲမှာ ကွန်‌ပျူတာ တစ်‌လုံးနဲ့ အလုပ်‌လုပ်‌‌နေတဲ့ ‌ခေါင်‌ထက်‌ မျက်‌နှာကို ဆင့်‌ကာ နှစ်‌ချက်‌ထိုးလိုက်‌သည်‌။

ထိုင်ပြီး အလုပ်လုပ်နေတဲ့ ခေါက်ထက် တစ်ယောက် ယိုင်လဲကာ ပက်‌လက်လန်ကျသွားသည်။ပက်‌လက်‌လန်‌သွားတဲ့ ‌ခေါင်‌ထက်‌ အ‌ပေါ်က တက်‌ခွစီးပြီး မျက်‌နှာကို စိတ်‌ကြိုက်‌ လက်‌သီးနဲ့ ထိုးပါ‌တော့သည်‌။
ပထမက‌တော့ ‌ခေါင်‌ထက်‌ ခံနိုင်‌ရည်‌ ရှိ‌နေ‌သေးသည်‌။ခဏအကြာမှာ မခံနိုင်‌‌တော့ဘဲ ဖြိုး‌မောင်‌သင်း ကို ကိုယ်‌လုံးနဲ့ ပြန်‌တိုက်‌ပြီး သူ့ရဲ့ လက်‌နှစ်‌ဖက်‌ကို  ချုပ်‌ကိုင်‌ကာ ‌မေးခွန်းထုတ်‌ လိုက်‌သည်‌။

"မင်း ငါ့ကို ဘလိုင်း‌ကြီး ဘာလို့ လာထိုးတာလဲ ဖြိုး‌မောင်‌သင်း ။မင်းနဲ့ငါ က အချစ်‌ဆုံး သူငယ်‌ချင်း‌လေ။
ဘာကိစ္စ မှ မရှိဘဲ ဘာ့‌ကြောင့်‌ ဒီလိုပြုမူတာလဲ ဖြိုး‌မောင်‌သင်း ။‌ပြော. . .‌ပြော‌လေကွာ"

"မင်း ငါ့သားကို မြူဆွယ်‌ဖြား‌ယောင်းလို့ ထိုးတာကွာ။ရှင်းပြီလား"

ဖြိုး‌မောင်‌သင်း စကားဟာ အ‌တော်‌ ထူးဆန်းပါသည်‌။ဒီ‌ကောင်‌ အရက်‌‌တွေ‌သောက်‌လို့များ ရူး‌ပေါ‌ပေါ ဖြစ်‌ပြီး ‌တွေ့ရာ‌တွေ ‌လျှောက်‌‌ပြော‌နေသလားမသိ‌ပေ။‌ခေါင်‌ထက်‌နဲ့ ဖြိုး‌မောင်‌သင်း ဆိုတာ ငယ်‌ရွယ်‌စဉ်‌ကတည်းက တွဲလာခဲ့တဲ့ သက်‌တမ်းတစ်‌‌လျောက်‌ အခုလို ထိုးကြိတ်‌ဖူးတာ‌တွေ တစ်‌ခါမှ မဖြစ်‌ခဲ့သလို ရန်‌လည်း မဖြစ်‌ဘူးပါ။ဒီ‌ကောင်‌ ဒီ‌နေ့ ဘာစိတ်‌ကူး‌ပေါက်‌ပြီး သူ့ကို အိမ်‌‌တိုင်‌ယာ‌ရောက်‌ လာထိုးကြိတ်‌လည်း ဆိုတာက‌တော့ တကယ့်‌ကို နားမလည်‌နိုင်‌‌အောင်‌ပါ။

အခုလည်း သူ့သား ကို မြူစွယ်‌လို့ ဆိုပြီး နားမလည်‌နိုင်‌တဲ့ စကား‌တွေ ‌ပြောသည်‌။သူ့သား ဆိုတာ ဘယ်‌သူလဲ။ဒီ‌ကောင်‌ က က‌လေး ချစ်‌တတ်‌သူ။သားသမီးရူးရူး‌နေတဲ့‌ကောင်‌။အခုလည်း ဘာအရူးထလာသလဲမသိ။

ညီငယ်  (ညီငယ် )   Zawgyi and UnicodeOpowieści tętniące życiem. Odkryj je teraz