အပိုင်း ၁၁

5.7K 357 5
                                    

အခန်း ၁၁

zawgyi

ဟိန်းစစ် သူ့ကို ရှောင်နေတာ ၅ရက်ရှိပြီ။တစ်ရုံးထဲ အလုပ်လုပ်သူ ကိုယ့်ရဲ့ သူဌေးတစ်ယောက်ကို ရှောင်ရတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါ။ရုံးခန်းထဲဝင်ပြီး လက်မှတ်ထိုးစရာ ရှိတာတွေကို အခြားသူကိုယ်စားခိုင်းရ တော့ မုန့်ဝယ်ကျွေးပါ့မယ်။ရုံးခန်း သန့်ရှင်းရေးလုပ်ပေး ပါ့မယ်။မက်လုံးပေးပြီး ကိုယ်စားခိုင်းရပါသည်။
သူ ရုးံဆင်းချိန်ရောက်တော့မယ်ဆိုရင် အကြောင်း ပြချက်မျိုးစုံနဲ့  ရှောင်ထွက်။မနက်ဆိုလည်း သူရုံး မရောက်သေးတဲ့ အချိန် ခပ်စောစောလာပြီး သူလာချိန်ဆို ပုန်းနေရတာလည်း အမောပါပဲ။ကြာတော့ မမသူတို့ တောင် ရိပ်မိလာပြီး

"နင်ဘာဖြစ်နေတာလဲ . .ဆရာ့ရုံးခန်းထဲလည်းမသွား . . ကိုယ်လုပ်ရမယ့်အလုပ်တွေကိုလည်း သူများကို ခိုင်းလိုခိုင်းနဲ့ ။နင့်ပုံစံက ဆရာ့ကို ရှောင်နေသလိုပဲ။
နင်အမှန်အတိုင်းပြောစမ်း။နင်နဲ့ ဆရာ ဘာဖြစ်ထားတာ လဲ။ရန်ဖြစ်ထားတာလား"

"ဟာ. . မမသူ ကလဲ. .ဆရာက ကျွန်တော့် သူငယ်ချင်းမှ မဟုတ်တာဗျ။ရန်ဖြစ်ရဲပါ့မလား။"

"ဒါဆို ဘာဖြစ်လို့ လဲ ပြောလေ"

မမသူ ရဲ့  ဆရာက ကျွန်တော့်ဆီက အဖြေတောင်း တယ်လေ။ပေးစရာ အဖြေမရှိတော့ ရှောင်နေရတာပေါ့လို့  ပြောပြလို့လည်းမရ။မမသူ တို့ ကိုယ်တိုင်ကကော ယောက်ျားလေးနှစ်ယောက်ရဲ့ ချစ်မှုရေးရာကို လက်ခံပေးနိုင်ပါ့မလား။သူဌေးကိုတော့ ဘယ်သူမှ အပြစ်ပြောမှာ မဟုတ်ဘူးလေ။ချမ်းသာတဲ့သူဌေးကိုမှ ယောက်ျားလေးဖြစ်ပြီး အပိုင်ချိုင်ပါတယ်လို့  ပြောကြမယ့်သူတွေ အများကြီး ရှိလာပါလိမ့်မည်။အဲ့လိုဆိုရင်ကော ဟိန်းစစ်ဘက်က ခံန်ုင်ရည်ရှိမှာ မဟုတ်ဘူးလေ။မီးဆိုတာ မလောင်ခင်တားတာ အကောင်းဆုံးပါ။

"ဘာမှမဖြစ်ပါဘူး မမသူရာ။အခုတော့ ကျွန်တော် ထမင်းခန်းထဲသွားပြီး ထမင်းသွားစားဦးမယ်နော်။"

"ဟဲ့. . .ဟဲ့ . . .မေးတာမဖြေဘဲ ထွက်သွားပြန်ပြီ
ဒီကောင်လေး"

မမသူ အသံကို မသိချင်ယောင်ဆောင်ပြီး ထမင်းစားခန်းကို  ထွက်လာခဲ့သည်။မနက်က ချက်ပြီး ထည့်လာတဲ့ဟင်းက ပိန်းဥဟင်းနဲ့  ငရုပ်သီးဆားထောင်း ဖြစ်နေသည်။ထမင်းဆိုင်မှာ ဟိန်းစစ်ဟင်းကို ယူစားရင်း ငရုပ်သီးစပ်နေတဲ့သူ့ကို သတိရမိသည်။ညီငယ် လို့  ခေါ်တတ်တဲ့ သူ့အသံကို သတိရသလိုလို နားထဲမှာပဲ ပဲ့တင်ထပ်နေသလိုလို ခံစားနေရသည်။ရင်ခုန်ခြင်းတွေ သတိရခြင်းတွေ ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း နားမလည်တော့ပါ။

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now