အပိုင်း ၂၃

3.8K 278 23
                                    

အပိုင်း ၂၃
Zawgyi

"မင်းကွာ. .ဒီ‌လောက်‌ထိ ဖြစ်‌‌နေတာ‌တောင်‌ ငါ့ကို အ‌ကြောင်းကြား‌ဖော်‌မရဘူး။မင်း‌ပျောက်‌သွား ၂ရက်‌အတွင်း ငါကိုယ်‌တိုင်‌‌ကော၊ မင်းရဲ့ ကုမ္ပဏီ ဝန်‌ထမ်း‌တွေ ကြားထဲမှာ မင်းကို စိတ်‌ပူလို့ ဘယ်‌‌လောက်‌ထိ ကမ္ဘာပျက်​သွား‌စေလည်း ဆိုတာ မင်း‌တွေးမိရဲ့လား"

"‌ဆောရီးပါကွာ။အ‌တော်‌‌လေး စိတ်‌ဓာတ်‌ကျလို့ ငါလည်း စိတ်‌‌ပြေလက်‌‌ပျောက်‌ ထွက်‌သွားတာပါ။အနာရှိန်‌‌ကြောင့်‌ အဖျားဝင်‌သွားတာက‌တော့ ကံကြမ္မာ ‌ပေါ့"

‌ခေါင်‌ထက်‌ ကို ကြည့်‌ပြီး သက်‌ပြင်းအခါခါချ‌ မိ‌နေသည်‌။‌ခေါင်‌ထက်‌ အိမ်‌က ထွက်‌သွားတာ သိသိချင်း သွားတတ်‌တဲ့‌နေရာတိုင်း လိုက်‌ရှာ‌ပေမယ့်‌ မ‌တွေ့။ဖုန်းလည်း ပိတ်‌ထားသည်‌။၂ရက်‌အတွင်း ရှာမ‌တွေ့ဘဲ ဘာလုပ်‌လို့ လုပ်‌ရမှန်းမသိချိန်‌မှာ ဖြိုး‌မောင်‌သင်း ဆီ ‌ခေါင်‌ထက်‌ ဖုန်း ဝင်‌လာသည်‌။သူ ဟိုတယ်‌ တစ်‌ခုမှာ တည်း‌‌နေသည်‌။ဖျားလည်း ဖျား‌နေသည်‌ ဟုဆိုသည်‌။ ဖြိုး‌မောင်‌သင်း သိသိချင်း ‌ခေါင်‌ထက်‌ ‌ပေးတဲ့ လိပ်‌စာအတိုင်း သွားရှာခဲ့သည်‌။ဖရိုဖရဲ ဖြစ်‌‌နေတဲ့ ‌ခေါင်‌ထက်‌ ကို စိတ်‌မချမ်း‌မြေ့ဖွယ်‌‌တွေ့ရ‌တော့တာ ပါပဲ‌လေ။

"ရုံးဆင်းရင်‌ ဟိန်းစစ်‌ လာမယ်‌‌ပြောတယ်‌"

"မင်း ညီငယ့်‌ ကို ‌ခေါ်ထားတာလား။ဘာလို့လဲကွာ။သူ့ကို မ‌ပြောပါနဲ့လို့ အတန်‌တန်‌မှာရဲ့သားနဲ့"

"မ‌ပြောလို့ရမလား။မင်းက ရုတ်‌တရက်‌ ‌ပျောက်‌သွား‌တော့ သူလည်း စိတ်‌ပူ‌နေတာပေါ့။"

ညီငယ်‌ က သူ့ကို စိတ်‌ပူ‌နေတယ်‌တဲ့လား။ကြားရတာ ကိုယ့်‌နားကို‌တောင်‌ မယုံချင်‌။

"ကုမ္ပဏီ ကို ပစ်‌ပြီး ထွက်‌သွားရ‌လောက်‌‌အောင်‌ မင်းတို့နှစ်‌‌ယောက်‌ ကြားမှာ ဘာ‌တွေဖြစ်‌ခဲ့ပြန်‌တာလဲ။ဟိန်းစစ်‌ ကို ‌မေး‌တော့ သူ့အမှားပါ ဆိုပြီး ‌ပြောတာကလွဲပြီး ဘာအ‌ဖြေစကားမှ ရှင်းရှင်းလင်းလင်း ထွက်‌မလာဘူး"

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now