အပိုင်း ၁၅

4.7K 294 9
                                    

အခန်း ၁၅

zawgyi

အသွားတုန်းက အဝတ်အစားနဲ့  မဟုတ်ဘဲ တစ်ခါမှ မဝတ်ဖူးတဲ့ အဝတ်အစားတွေ ဆင်မြန်းပြီး ဖိုသီဖက်သီနဲ့  ပြန်လာတဲ့  ဟိန်းစစ်ကို ထူးဆန်းသလို အကြည့်တွေနဲ့  ရဲထက် ကြည့်နေသည်။

"အမေကော"

"မုန့် ဟင်းခါးစားပြီး အခန်းထဲမှာ အိပ်နေပြီ။မင်းပုံစံက ဘယ်လိုဖြစ်လာတာလဲ။ဘယ်က အဝတ်အစားတွေ ဝတ်လာတာလဲ။မုန့် ဟင်းရည်ချိုင့်ကော"

"ဟိုအိမ်မှာကျန်ခဲ့တယ်။ဒါ အစ္ကိုၾကီး အက်ီၤေတြ။ငါ ကားဌားပြီးပြန်လာတာ ။ပိုက်ဆံအိတ်လည်း ဟိုအိမ်မှာ ကျန်ခဲ့လား ။လမ်းမှာကျပျောက်ခဲ့လား မသိဘူး။ကားခတောင် လမ်းထိပ်က ဦးအေး ဆီက ချေးပြီး ပေးလိုက်ရတယ်"

"ဘယ်လိုဖြစ်လာရတာလဲကွာ"

"နောက်မှပြောပြမယ်ကွာ။ငါ အဝတ်အစား သွားလဲဦးမယ်"

အခန်းထဲဝင်သွားတဲ့ ဟိန်းစစ် ကို ကြည့်ပြီး တစ်ခုခုကို သဘောပေါက်လိုက်သည်။သိပ်မကြာပါ။အဝတ်အစားလဲ  ထားတဲ့ ဟိန်းစစ်က ရဲထက်အနားကို လာထိုင်ပါသည်။
ရေနွေးကြမ်းခရားအိုးကို မယူပြီး

"ငါတို့  ခြံထဲဆင်းပြီး စကားသွားပြောကြရအောင်။ဒီမှာဆိုရင် စကားပြောသံတွေကြောင့် မေမေ နိုးလာမှာ စိုးရတယ်"

ပျက်ယွင်းနေတဲ့မျက်နှာ၊ တိုးလျသောအသံတွေကြောင့် ဟိန်းစစ် တစ်ခုခုဖြစ်လာသည် ဆိုတာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတစ်ယောက်အနေနဲ့  ပြောစရာမလိုဘဲ အလိုလို ရိပ်မိနေသည်။

"မင်းတစ်ခုခုဖြစ်လာတယ် မဟုတ်လား။မင်းအဝတ်အစားတွေ ဘယ်ရောက်သွားလဲ။ဟိုဘဲကြီးနဲ့  တွေ့ လာပြီး မင်းအနိုင်ကျင့်ခံရပြန်ပြီလား . .ဟိန်းစစ်"

ရဲထက်အမေးကို ချက်ချင်းပြန်မဖြေဘဲ ကြမ်းပြင်ကိုသာ ဆိုက်ကြည့်နေပြီး အတန်ငယ်ကြာမှ

"ငါ အလုပ်ထွက်တော့မယ်"

"ဘာ. . မင်း တကယ်ကြီးလား"

"ငါ့မျက်နှာက နောက်နေတဲ့ပုံပေါ်နေလို့ လား"

"မင်းဘာဖြစ်လာတာလဲ. .သေချာပြောပြစမ်းပါ။ရိပ်မိပေမယ့် မင်းပြောတာ ငါကြားချင်တယ်။"

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now