အပိုင်း ၃၈
Zawgyi
ခေါင်ထက် နားထဲမှာ ကြားလာတဲ့အသံ တစ်ခု။
မပြတ်မသား ကြားရသည်။အိပ်မက်လိုလို တကယ်လိုလိုနဲ့ ခံစားမှုပေါင်းများစွာနဲ့ အသံကြောင့်
လန့်နိုးသွားသည်။မျက်လုံးဖွင့်ကြည့်လိုက်ရင်ပဲ သူ့အခန်း မဟုတ်တဲ့ အခန်းထဲမှာ အိပ်နေသည်။အသိဝင်လာချိန် သိလိုက်တာက ဒါဟာ ဟိန်းစစ် အခန်းပဲ။ညက ကိစ္စတွေကို သတိပြန်ရသွားပြီး အနားမှာ အိပ်စက်ခဲ့တဲ့ ဟိန်းစစ် ကို ကြည့်လိုက်တော့ မရှိ။သူ့နားထဲမှာ ကြားလိုက်ရတဲ့ အသံကို နားစွင့်ကြည့်လိုက်တော့ ငိုသံတစ်ခုပါ။သေချာတယ်။ဒါ ဟိန်းစစ် အသံ။သူ ကုတင်ပေါ်မှ ပြေးဆင်းလိုက်ပြီး အသံရှိရာကို မှန်းဆကာ ဝေ့ဝဲကာ လိုက်ရှာလိုက်သည်။အခန်းပတ်လည်၊ မီးဖိုချောင်၊ ဝရန်တာ ဘယ်နားမှာမှ မတွေ့ နောက်ဆုံးပစ်မှတ် ရေချိုးခန်း အိမ်သာ။အပြေးသွားလိုက်ပေမယ့် ရေချိုးခန်း တံခါးလော့ခ်ချထားတာနဲ့ ကြုံရသည်။"ညီငယ်. . .ညီငယ် ။ အထဲမှာလား။ ဘာဖြစ်လို့လဲ။
အစ်ကို့ကို တံခါးဖွင့်ပေး"ခေါင်ထက် အသံကို ကြားမှပဲ အထဲက ဟိန်းစစ် ထွက်လာတ ငိုရှိုက်သံလေးကို တိတ်သွားသည်။တံခါးတော့ လာမဖွင့်ပေးသေးပါ။
"ညီငယ်. . အစ်ကို့ကို တံခါးဖွင့်ပေး"
တံခါးကို တဒုန်းဒုန်း အဆက်မပြတ် ထုမှပဲ တံခါးက ပွင့်လာပြီး ဟိန်းစစ် မျက်နှာကို တံခါးပေါက် ကနေထွက်လာတာကို မြင်ရသည်။သေချာသည်။မျက်နှာဖူးအစ်နေသည်။မတရားငိုထားတာ အသိသာကြီးပါ။သူ သိမှာစိုးလို့ မျက်နှာသစ်လာပုံရသည်။
"ညီငယ်. . ဘာလို့လဲ။ဘာလို့ငိုနေတာလဲဟင်"
ဘာမှမပြောဘဲ သူ့အိပ်ယာကို သွားနေသည်။ခေါင်ထက် လည်း နောက်ကနေ ထပ်ချပ်မကွာ လိုက်သွားလိုက်သည်။အိပ်ယာပေါ်အရောက် ခပ်ခွေခွေလေး ပြန်အိပ်နေသည်။ခေါင်ထက် လည်း ဟိန်းစစ် အနားလေးမှာ မျက်နှာချင်းဆိုင်
အသာလှဲအိပ်လိုက်ပြီး မို့အစ်နေတဲ့မျက်နှာလေးကို အသာလေး တို့ထိလိုက်သည်။
YOU ARE READING
ညီငယ် (ညီငယျ ) Zawgyi and Unicode
RomanceNote စာဖတ်သူများ ချစ်ပရိသတ်များ မင်္ဂလာပါ ဒီ ဝတ္ထု ကို စဉ်းစားထားတာ ကြာပေမယ့် မရေးဖြစ်ခဲ့ဘူး။ ရေးဖြစ်ပြန်တော့လည်း အများကြီး စဉ်းစားပြီးမှ တင်ဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ စာဖတ်သူတွေထဲမှာ အရွယ်သုံးပါး ကျား၊မ မရွေးပါဝင်နိုင်တဲ့အ...