အပိုင်း ၄၈

3.1K 207 22
                                    

အပိုင်း ၄၈

Unicode

"ဒါနဲ့ ဆရာ့ ကို ကျွန်တော် မေးပါဦးမယ်"

"ဘာ....ဆရာ...ဟုတ်လား..ဘယ်လိုခေါ်လိုက်တာလဲ။စောနကတော့ ကိုကို လို့ ခေါ်ပြီးတော့။မရဘူး။အခုလည်း အဲ့လိုပဲခေါ်ရမယ်။"

"စောနက က ကိုကို ဆိုတာ ဘယ်သူမှန်း သိရအောင် ခေါ်ပေးတာပါ။အခုတော့ သိသွားပြီဆိုတော့ ခေါ်ဖို့မလိုတော့ဘူးလေ"

"အွန်....အဲ့လိုလုပ်လို့ ရရိုးလား။လက်မခံနိုင်ပါဘူးနော်။ဆရာ ဆိုတာ ကို လုံးဝ မကြားချင်တော့ဘူး။"

"အွန်..... ဆိုးနေရအောင် ဆရာက ကလေး......."

စကားကို ဆုံးအောင်တောင် မပြောလိုက်ရဘဲ။ခေါင်ထက် ရဲ့ နှုတ်ခမ်းအစုံဟာ ဟိန်းစစ် ရဲ့ နှုတ်ခမ်းရှိရာဆီကို အရှိန်နဲ့ရောက်လာသည်။ကြိုတင်ခန့်မှန်းထားတာမျိုး မဟုတ်တဲ့အတွက် ရုတ်တရက် ကြုံလိုက်ရချိန်မှာတော့ ရုန်းထွက်လို့ မရအောင် အငိုက်မိသွားပါသည်။အရှိန်လည်း အနည်းငယ် ပါတာမို့ ကိုးယို့ကားယား မွေ့ယာပေါ် ပုံလျက်သားပြန်ကျသွားပြန်သည်။အပေါ်စီးက အသာစီးရ‌ေနတဲ့ ခေါင်ထက် ကတော့ အတိုးချကာ စိတ်ကြိုက်ပြုမူနေပါတော့သည်။

မရတာ ကြာပြီဖြစ်တဲ့ သူ့ဆီက ပြင်းပြင်းရှရှ အနမ်းတွေအောက်မှာ ဟိန်းစစ်တစ်ယောက်
ယစ်မူးသွားသည်။ပြန်လည်တွန်းလှန်နိုင်စွမ်းလည်းမရှိပါ။တွန်းလှန်ချင်စိတ်၊ငြင်းဆန်ချင်စိတ် မရှိအောင်ပါပဲလေ။
ချစ်သူနဲ့အတူ ဆိုသည့် အသိတစ်တစ်ခုဟာ အရာတိုင်းကို လက်‌ေလျှာ့စေသည်။မက်မောစေသည်။ကျေနပ်မှု အပြည့်ကို ရစေသည်။နှစ်ဦးသဘောတူ ဖြတ်သန်းရတဲ့ အချိန်ကာလတိုတောင်းပေမယ့် စိတ်ချမ်းသာသည်။အရာအားလုံးကို မေ့စေသည်။သူ့စိတ်တိုင်းကျ ဖြစ်စေသည်။

ပြင်းပြလွန်းတဲ့စိတ်တွေကြားထဲက မက်မောမှုနောက်မှာ သာယာမှု ကပ်ပါလာသည်။သူပေးတာကို လိုချင်စိတ်များ နေသလို ဟိန်းစစ်ဘက်ကလည်း ကြည်ကြည်ဖြူဖြူ ပြန်ပေးချင်စိတ်များနေသည်။ဒါ့ကြောင့်ခေါင်ထက် ခန္ဓာကိုယ်ကို သူနဲ့မွေ့ယာကြား ရောက်အောင် ဖန်တီးပြီး တမ်းတခဲ့ရတဲ့ ရက်တွေအတွက် အတိုးချအနမ်းတွေ ခေါင်ထက် မျက်နှာအနှံ့ပြန့်ကျဲလိုက်လေသည်။ဟိန်းစစ်ရဲ့ ပြင်းထန်တဲ့ အနမ်းတွေ အောက်မှာ ပြန်မရုန်းထွက်နိုင်သူဟာ ခေါင်ထက်သာဖြစ်သွားသည်။အပြန်အလှန် တုံ့ပြန်မှုတွေ‌ ပေးနေချိန် ခေါင်ထက်ဘက်က ရုတ်တရက်ငြိမ်သွားတာကို ဟိန်းစစ် သတိထားမိလိုက်သည်။အယူသာရှိပြီး အပေးမရှိတော့တာမို့ အနမ်းကို ရပ်ကာ မျက်နှာချင်းခွာကာ ခေါင်ထက် ကို ကြည့်လိုက်တော့ ပတ်တီးစီးထားတဲ့ ခေါင်းကို လက်တစ်ဖက်နဲ့ကိုင်ပြီး မျက်လုံးမှိတ်ကာ ငြိမ်သက်နေသည်။တစ်ခုခုဖြစ်နေတာ သေချာနေပြီ။

ညီငယ္  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now