အပိုင်း ၂၁

4.4K 255 14
                                    

အခန်း ၂၁
Zawgyi
ဟိန်းစစ်‌နဲ့‌တွေ့ရင်‌ ‌ခေါင်‌ထက်‌ စိတ်‌‌တွေ မထိန်းနိုင်‌တာ အခုမှ မဟုတ်‌ဘဲ အကြိမ်‌ကြိမ်‌ အမှား‌တွေ ကျူးလွန်‌မိတာ တစ်‌ဇွတ်‌ထိုး မလုပ်‌ပါဘူးလို့ ကတိ‌တွေ အခါခါ‌ပေးဖူး သည်‌။အခါခါ‌ဖောက်‌ဖျက်‌သည်‌။ဟိန်းစစ်‌ ကို ‌တွေ့လိုက်‌ရတာနဲ့ အလိုလို ပစ်‌မှားချင်‌သည်‌။ကျူးလွန်‌ချင်‌သည်‌။ရှင်းရှင်း‌ပြောရရင်‌ နှာ‌ဗူးထချင်‌သည်‌‌ပေါ့‌လေ။
အတိတ်‌ကအ‌ကြောင်းကို ဖြိုး‌မောင်‌သင်း ကို‌တောင်‌ မ‌ပြောဖူးဘူး။
ဟိန်းစစ်‌ရဲ့ သိက္ခာအတွက်‌ စကားအချို့ ၊ဖြစ်‌ရပ်‌အချို့ကို ချန်‌လှပ်‌ထားခဲ့ဖူးသည်‌ ဟု စိတ်‌ထဲ‌တွေးပြီး မ‌ပြောခဲ့‌ပေမယ့်‌
တကယ်‌တမ်းကျ‌တော့ ဟိန်းစစ်‌ သိက္ခာကို ကာကွယ်‌တာက နည်းနည်း၊ ဟိန်းစစ်‌
ကို အကာအကွယ်‌ယူပြီး သူ သိက္ခာမကျချင်‌တာက များများပါ။အခု‌တော့ အလုံးစုံ ဖြိုး‌မောင်‌သင်း ကို ဖွင့်‌‌ပြောရ‌တော့မည်‌။

ဟိန်းစစ်‌နဲ့ စ‌တွေ့ခဲ့ချိန်‌က ‌ဒေါ်‌မွှေး ‌ကြောင့်‌ ‌တွေ့ခွင့်‌ရသည်‌လို့ ‌ပြောရမည်‌။‌ဒေါ်‌မွှေး ‌နေမ‌ကောင်းလို့ အိမ်‌မှာ ထမင်းလာမချက်‌‌တော့ အပြင်‌ထမင်းဆိုင်‌မှာပဲ ဝယ်‌စားရသည်‌။တစ်‌ရက်‌စား‌နေကျဆိုင်‌မဟုတ်‌ဘဲ ခပ်‌သန့်‌သန့်‌လေး ဖြစ်‌မည့်‌ ဆိုင်‌တစ်‌ဆိုင်‌ မှာ ဝင်‌စားဖြစ်‌သည်‌။

ကိုယ်‌တိုင်‌က အစပ်‌မစားနိုင်‌သူဆို‌တော့ စားပွဲ‌ပေါ်မှာ  ခင်းထားတဲ့ ဟင်းပွဲတစ်‌ခုချင်းစီကို လိုက်‌ကြည့်‌ရသည်‌။ငရုပ်‌သီး‌တွေ ရဲ‌နေတဲ့ ဟင်းပွဲကများ‌နေတာမို့ စားဖို့အဆင်‌မ‌ပြေ။စားရင်‌‌ကောင်းမလား ပြန်‌သွားရင်‌ ‌ကောင်းမလား စဉ်းစား‌နေချိန်‌ အနားကို ‌ကောင်‌‌လေးတစ်‌‌ယောက်‌‌ ‌ရောက်‌လာသည်‌။

"ဘာစားမလဲခင်‌‌ဗျ။ဟင်းအစုံရှိပါတယ်‌။ကြက်‌သား၊ဝက်‌သား၊အမဲသား ၊ငါးကြင်း၊ငါးခူ လည်း ရှိတယ်‌ခင်‌‌ဗျ။ဘာစားမလဲ‌ဗျ"

"အစ်‌ကိုက အစပ်‌မစားနိုင်‌ဘူးလို့ အချိုဟင်း ရှာ‌နေတာ"

"ဒါဆို ပဲနှပ်‌ရှိတယ်‌‌ဗျ။တစ်‌ပွဲစာ ကျန်‌‌သေးတယ်‌ကြက်‌‌ကြော်‌ လည်း ရှိတယ်‌။မစပ်‌ဘူး။စားမလား‌ဗျ"

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now