အပိုင်း ၃၅
Zawgyi
တစ်နေကုန် ရုံးမှာနေရတာရယ်၊အပြင်သွားထားကြတာရယ်ကြောင့်
အိမ်ပြန်ရောက်တော့ တစ်ယောက်တစ်လှည့်စီ ရေချိုးဖြစ်သည်။ရေချိုးပြီးတာနဲ့ အိပ်ဖို့ မစဉ်းစားဖြစ်သေး ။
ဟိန်းစစ် ရေချိုးခန်း ဝင်နေချိန်
ရုံးကနေ ပါလာတဲ့ အလုပ်အချို့ကို ခေါင်ထက် တစ်ယောက်တည်း ထိုင်လုပ်နေရသည်။
ဟိန်းစစ် ရေချိုးခန်း ထဲမှ ထွက်လာပြီးတာနဲ့ ဝတ်စုံပြည့်ဝတ်ထားသည်။
ပြီးတော့ ခေါင်ထက် အနားရောက်လာသည်။မျက်နှာလေးက ရှင်းသန့်တည်ကြည်နေသည်။"ရုံးကအလုပ်တွေ ပါလာတာလား ဆရာ"
"အင်း. . ဟုတ်တယ် ညီငယ်။အများကြီး မဟုတ်ပါဘူး။နည်းနည်းပါ။ညီငယ် အိပ်ချင်နေရင် အိပ်နှင့်နော်။အစ်ကို ဒါလေး လက်စသတ်ပြီးတာနဲ့ လာခဲ့မယ် "
"ရတယ်။ကျွန်တော်လည်း မအိပ်ချင်သေးပါဘူး။"
ခေါင်ထက် အလုပ်လုပ်နေတဲ့ စားပွဲပုလေးနားမှာ မျက်နှာချင်းဆိုင် လာထိုင်သည်။ထိုင်တာကတော့ ငြိမ်ငြိမ်လေးပါပဲ။ဒါပေမဲ့ ခေါင်ထက် မျက်နှာချင်းဆိုင် တည့်တည့်ထိုင်ပြီး မျက်နှာပေါ်ကို လက်ဖဝါးလေးနှစ်ဖက်
ထောက်ကာ ခေါင်ထက် အလုပ်လုပ်နေတာကို မျက်တောင်မခတ် ကြည့်နေသည်။အနားနားကပ်နေတဲ့အပြင် မမှိတ်မသုန် ကြည့်နေသူကြောင့် အသက်ရှူမှားစေသည်။အလုပ်ထဲ စိတ်မရောက်တော့ အမှားမှားအယွင်းယွင်းတွေ စတင်ဖြစ်လာသည်။"ကျွန်တော် ကူလုပ်ပေးရမလား"
"အာ. . ရတယ်. .ညီငယ်။ညီငယ် သက်တောင့်သက်သာ နားနေပါ။အလုပ်က ပြီးတော့မှာပါ။အစ်ကို့ကို စောင့်မနေနဲ့။ညီငယ် အိပ်ချင်ရင် အိပ်နှင့်လေ"
"ဟင့်အင်း။ဆရာ နဲ့မှ အတူတူ အိပ်မှာ"
Keyboard ပေါ်မှာ လှုပ်ရှားနေတဲ့ လက်အစုံ ချက်ချင်းရပ်တန့်သွားစေတဲ့ စကားလုံးပါ။မဝံ့မရဲ မျက်လုံးလှန်ကြည့်လိုက်တော့ ရွှန်းလဲ့လဲ့ မျက်ဝန်းနဲ့ဆုံသည်။ဒီနေ့ ဟိန်းစစ် ဘယ်လိုဖြစ်နေသလဲ။အဓိပ္ပါယ်ပါပါ အကြည့်တွေ၊ အပြောတွေနဲ့ ခေါင်ထက် ရူးရပြီ။အလုပ်လည်း ဆက်လုပ်လို့မရတော့။ရင်ခုန်သံဒီဂရီတွေလည်း မြင့်တက်နေပြီ။
YOU ARE READING
ညီငယ် (ညီငယျ ) Zawgyi and Unicode
RomanceNote စာဖတ်သူများ ချစ်ပရိသတ်များ မင်္ဂလာပါ ဒီ ဝတ္ထု ကို စဉ်းစားထားတာ ကြာပေမယ့် မရေးဖြစ်ခဲ့ဘူး။ ရေးဖြစ်ပြန်တော့လည်း အများကြီး စဉ်းစားပြီးမှ တင်ဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ စာဖတ်သူတွေထဲမှာ အရွယ်သုံးပါး ကျား၊မ မရွေးပါဝင်နိုင်တဲ့အ...