အပိုင်း ၁၄

5.1K 344 2
                                    

အခန်း ၁၄

ဒီနေ့  ရုံးပိတ်ရက်ဖြစ်သည်။အချိန်ပိုင်းအလုပ်ကလည်း ညနေပိုင်းမှ ရှိတာမို့  မနက်ပိုင်းအားနေသည်။ကျောင်းကိုလည်း တစ်နှစ်နားထားသည်မို့  ကျောင်းတက်စရာ ကိစ္စလည်း မရှိတော့ အိမ်မှာပဲ အမေနဲ့ နေပြီး တစ်ပတ်စာဟင်းအခြောက်အခြမ်းလေးတွေ ချက်ထားမည်။ရဲထက်လည်း အိမ်မှာရောက်နေတာမို့ မုန့်ဟင်းခါး ချက်ဖို့  စိတ်ကူးမိသည်။မိသားစု စားဖို့ တင်မဟုတ်ဘဲ ဘေးပတ်ဝန်းကျင်အိမ်ကိုပါ ဝေဖို့ အတွက် အိုးခပ်ကြီးကြီးနဲ့   နည်းနည်းပိုချက်ဖို့ စီစဉ်သည်။ငါးကြင်းနဲ့ မဟုတ်ဘဲ ငါးခူမုန့်ဟင်းခါးချက်ဖို့ အတွက် ဈေးမှဝယ်လာတဲ့ ငါးခူကို ငံပြာရည် ဆနွင်းမှုန့်  စပါးလင် ထည့်ပြီးပြုတ်ပြီးသား ငါးခူကို ဟိန်းစစ်က ငါးအရိုးနွှင် သည်။ရဲထက် က မုန့် ဖတ်တွေကို အဆင်သင့်စားလို့ ရအောင် ဖွနေသည်။အမေကတော့ နံနံပင်နဲ့ သံပုရာသီး အနေတော်လေးတွေလှီးနေသည်။

ကျန်းမာရေးကောင်းလွန်းသည် မဟုတ်ပေမယ့် ထူထူထောင်ထောင်လေး ဖြစ်နေသည့် အမေ့ကို မြင်ရတာ ဟိန်းစစ် စိတ်ချမ်းသာလှသည်။အမေ စားချင်တာလေးတွေချက်ကျွေး၊ အမေ ဖြစ်ချင်တာလေးတွေ ဖြည့်ဆည်းပေး ရတာလည်း စိတ်ချမ်းသာမှု တစ်ခုပင်ဖြစ်သည်။အေးချမ်းမှု တစ်ခုပင်ဖြစ်သည်။ရဲထက်ကလည်း သူငယ်ချင်းဆို ပေမယ့် ငယ်ငယ်ကတည်းက အိမ်ကို ဝင်ထွက်သွားလာနေတော့ သူငယ်ချင်းဆိုတာထက် ညီအစ်ကိုရင်းလို ဖြစ်နေသည်။တကယ့်မိသားစုအရင်း လိုပါပဲ။အဖေဆိုတာကတော့ ဟိန်းစစ် ဘဝမှာ ပုံပြင်ထဲက နတ်သားတစ်ပါးပါ။မွေးလာကတည်းက အခုချိန်ထိ အမေကလွဲရင် ဆွေမျိုးရင်းချာတောင်မမြင်ဘူးပေ။ သူငယ်ချင်းတွေရဲ့  ဖခင်တွေကို မြင်ရရင် အဖေ ဘယ်သွားလဲလို့တော့ အမေ့ကို မေးဖူးသည်။မေးလိုက်တိုင်း အမေ ငိုတတ်လို့  သိတတ်တဲ့အရွယ်ရောက်တော့ မမေးဖြစ်တော့ပေ။
အဖေ ဆိုတာကို မျှော်လင့်ခဲ့ဖူးလားဆိုတော့ အရမ်း ပင်ပန်းတဲ့အခါမျိုးဆို အဖေရှိရင်ဆိုတဲ့ စိတ်မျိုးဖြစ်မိသည်။
ဖြူသလား၊ မည်းသလား
သေသွားပြီလား အသက်ရှင်ရက်ရှိသေးလား မသိတဲ့အဖေကို အသက်ကြီးလာတာနဲ့ အမျှ  မျှော်လင့်ချက် သိပ်မထားဖြစ်တော့ပါ။အမေ သိရင်လည်း စိတ်ချမ်းသာမယ်မထင်။

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now