အပိုင်း ၃၂

3.2K 237 22
                                    

အပိုင်း ၃၂

Zawgyi

"နိုးပြီလား"

"အင်း. . .ညီငယ်‌‌ကော"

"သူ့ ‌အ‌မေ အခန်းထဲမှာ အိပ်‌‌နေပြီ"

"‌သြော်‌ "

"မင်း ဘယ်‌လိုဖြစ်‌ရပြန်‌တာလဲ။ကိုယ့်‌အ‌ကြောင်းကို သိရဲ့သားနဲ့ "

"‌ဆောရီးကွာ။ငါ အစားစားဖို့ မေ့‌နေလို့။အခုရက်‌ပိုင်း အလုပ်‌‌တွေများပြီး စိတ်‌ဖိစီးမှု‌တွေ များလို့ ထင်‌ပါရဲ့။ အဲ့ဒါ‌ကြောင့်‌ အစာအိမ်‌ပြန်‌‌အောင့်‌တာပါ"

"ဖြစ်‌ရ‌လေ ။သားက မင်း လဲကျသွားတယ်‌ ဆိုပြီး ဖုန်‌‌ခေါ်‌တော့ ငါ့မှာဖြင့်‌ လန့်‌ဖြန့်‌သွားတာပဲ။ကိုယ့်‌အ‌ကြောင်းကို သိရက်‌နဲ့ကွာ။အစားအ‌သောက်‌ကို‌တော့ မှန်‌မှန်‌စားမှ‌ပေါ့"

"ငါလည်း အလုပ်‌ရှုပ်‌သွားလို့ပါ"

ဟိန်းစစ်‌ ကို ပူပန်‌‌နေရသည်‌ ဆို‌တာကို‌တော့ မ‌ပြော‌တော့ပါ။ဟိန်းစစ်‌နဲ့ စကားများပြီး ‌ဗိုက်‌ထဲက ‌အောင့်‌လာတာမို့ ‌ခြေ‌ထောက်‌ညွတ်‌ကျပြီး ကြမ်းပြင်‌‌ပေါ် လဲကျသွား‌တော့ ဟိန်းစစ်‌ သူ့ကို
လာထူပြီး ကုတင်‌‌ပေါ် တင်‌‌ပေးသည်‌။ပြီး‌တော့ သူ့အဖေကို ဖုန်းဆက်‌သည်‌။ကုတင်‌‌ပေါ်မှာ နာကျင်‌မှုနဲ့ လဲ‌လျောင်း‌နေတဲ့ သူ့ကို လာပြီး ပြုစု‌ပေး‌နေတာ သိ‌ပေမယ့်‌ မျက်‌လုံးဖွင့်‌မကြည့်‌ဖြစ်‌‌တော့ပါ။ဖြိုး‌မောင်‌သင်း အသံ  ဆရာဝန်‌ ‌ရောက်‌လာပြီး ‌ဆေးထိုး‌ပေးသည်‌ ဆိုတဲ့အသိတစ်‌ခု အပြီးမှာ‌တော့ စိတ်‌ကို‌လျော့ချလိုက်‌တာမို့ အိပ်‌စက်‌ခြင်း ဆီ‌ရောက်‌လို့ သွားပါသည်‌။နိုးလာ‌တော့ အနားမှာ ဟိန်းစစ်‌ ကို မမြင်‌။ဖြိုး‌မောင်‌သင်း မျက်‌နှာကိုသာ မြင်‌ရသည်‌။အနားမှာ ရှိဖို့ ‌မျှော်‌လင့်‌‌ပေမယ့်‌ နှစ်‌‌ယောက်‌ဖြစ်‌ထားတဲ့ ပြဿနာ က ‌သေးငယ်‌သည်‌ မဟုတ်‌‌တော့ ဟိန်းစစ်‌ လည်း သူ့အနား ဘယ်‌လာချင်‌ပါ့မလဲ‌လေ။

"မင်းနဲ့ငါ့သား ဘာဖြစ်‌ထားကြတာလဲ။သား မျက်‌နှာ လည်း ‌မ‌ကောင်းဘူး"

ဖြိုး‌မောင်‌သင်း ဟာ ‌ခေါင်‌ထက်‌ရဲ့ သူငယ်‌ချင်း လည်းဖြစ်‌။သူနဲ့ဟိန်းစစ်‌ အ‌ကြောင်း ခ‌ရေ‌စေ့တွင်းကျ သိထားသူလည်း ဖြစ်‌လို့ သူ့ကို
လိမ်‌လို့်မရမှန်းလည်း သိသည်‌။အ‌ခြေအ‌နေ ‌ပြောင်းသွားတာက အရင်‌လို တိုင်‌ပင်‌လို့ မရ‌တော့တာပဲ။ ဟိန်းစစ်‌ရဲ့ အ‌ဖေ ဆိုတဲ့ စည်းတစ်‌ခု သူတို့နှစ်‌‌ယောက်‌ ကြားမှာ ခြား‌နေခဲ့ပြီ။အကုန်‌‌ပြောင်းလဲကုန်‌ပါပြီ။အချို့စကား‌တွေကို ချန်‌လှပ်‌ကာ ‌ပြော‌နေရသည်‌။

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now