အပိုင်း ၁၉ **

5.7K 313 30
                                    

အခန်း ၁၉
Zawgyi

အကုသိုလ်​ ဆိုတာ တစ်‌ဦးတည်း မလာဘူး ဆိုတဲ့ စကားသိပ်‌မှန်‌ပါသည်‌။အ‌မေ အ‌တော်‌‌နေမ‌ကောင်းဘူး။ ‌ဆေးရုံတက်‌‌နေရပြန်‌သည်‌။အိမ်‌လခကလည်း နောက်‌ထပ်‌ ၆လစာ အိမ်‌လစာအတွက်‌ စာချုပ်‌ရ‌တော့မယ်‌။ဒီ‌နေ့လည်း ဆေးရုံမှာ အ‌မေ့ကို အစ်‌မမိုး က လူနာ‌စောင့်‌ လုပ်‌‌ပေးလို့သာ ‌တော်‌‌တော့သည်‌။ဒီ‌နေ့ တနင်္ဂ​နွေ လည်း ဖြစ်‌တာမို့ ရုံးမတက်‌ရလို့
အ‌မေ ကြိုက်‌တတ်‌တာ‌လေး‌တွေ စား‌ကောင်းမယ့်‌အရာ‌လေး‌တွေ ချက်‌ပြုတ်‌ပြီး ထမင်းချိုင့်‌‌ ပြင်‌ဆင်‌ရသည်‌။‌ရေမိုးချိုးပြီးတာနဲ့ ‌ဆေးရုံ သွားရမည်‌။‌ရေချိုးပြီး အဝတ်‌အစားလဲ‌နေတုန်း အိမ်‌‌ရှေ့က ဟိန်းစစ်‌နာမည်‌ ‌အော်‌‌ခေါ်သံ‌ကြောင့်‌ သွားကြည့်‌လိုက်‌‌တော့ အိမ်‌ရှင်‌အ‌ဒေါ်ကြီးဖြစ်‌‌နေသည်‌။

"‌သြော်‌. . အန်‌တီ. . လာ အိမ်‌‌ပေါ်တက်‌ထိုင်‌ပါဦး ။ ဘာကိစ္စ ရှိလို့လဲခင်‌ဗျ။ အိမ်‌လခ ‌ပေးဖို့လည်း တစ်‌ပတ်‌‌လောက်‌လိုပါ‌သေးတယ်‌"

"မထိုင်‌‌တော့ဘူး ‌မောင်‌ဟိန်းစစ်‌ ‌ရေ။‌ပြောရမှာ‌တော့ ခပ်‌အားနာနာပါပဲ။‌မင်းအ‌မေလည်း ‌ဆေးရုံတက်‌‌နေချိန်‌ ဆို‌တော့ ပိုပြီးအားနာရပါတယ်‌။ဒီတစ်‌ခါ လစာ‌ပေးရင်‌ အိမ်‌လခတက်‌သွားပြီ ‌ပြောမလို့ပါ။"

"ဗျာ. . ဘယ်‌‌လောက်‌‌တောင်‌ တက်‌တာလဲ အန်‌တီ"

"၇‌သောင်း ထပ်‌တိုးတယ်‌ ‌မောင်‌ဟိန်းစစ်‌ "

"‌ဗျာ. . ဒါဆို တစ်‌သိန်းခွဲ‌ပေါ့‌နော်‌"

"ဟုတ်‌တယ်‌. .တစ်‌သိန်းခွဲ ဖြစ်‌သွားပြီ။သူများ‌တွေ လုံးချင်းအိမ်‌ကို ၂သိန်းနဲ့ ဌား‌နေကြတာ‌လေ။အန်‌တီက ဟိန်းစစ်‌တို့ သားအမိကို သနားတာနဲ့ ‌လျော့‌ပေးထားတာ။အန်‌တီလည်း ‌ငွေလို‌နေလို့ပါ သားရယ်‌။ဖြစ်‌နိုင်‌ရင်‌ တစ်‌ရက်‌‌လေး‌တောင်‌ ‌နောက်‌မကျ‌စေဘဲ ‌ပေး‌နော်‌။
တကယ်‌လို့ စာချုပ်‌ထပ်‌မတိုးရင်‌လည်း ကြို ‌ပြော‌နော်‌။လုံးချင်းအိမ်‌ဆိုတာ ‌နေချင်‌တဲ့သူ‌တွေ သိပ်‌‌ပေါတာ။
သူများတန်းတူ ပိုက်​ဆံပို‌ပေးပြီး ‌နေချင်‌လို့ လာ‌ပြောသူ‌တွေ အများကြီးပဲ။အန်‌တီက ဟိန်းစစ်‌ တို့ သားအမိကို အားနာလို့သာ ဘာမှလာမ‌ပြောတာ။"

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now