အပိုင်း ၁၃

5.6K 347 8
                                    

အခန်း ၁၃

zawgyi

"ဟာ. . .ဖြိုးမောင်သင်း . . .မင်းကွာ အခုမှပဲပြန်တွေ့ ရတော့တယ်. .မင်းမြန်မာနိုင်ငံကို ဘယ်တုန်းက ပြန်ရောက်နေတာလဲ"

ခေါင်ထက် ဈေးဝယ်နေစဉ် ငယ်သူငယ်ချင်း ဖြိုးမောင်သင်း ကို ရုတ်တရက်တွေ့ လိုက်ရတာမို့  အားရဝမ်းသာ နှုတ်ဆက်လိုက်မိသည်။နဂိုကတည်းက ခန့်ညားတည်ကြည် ချောမောတဲ့ ဖြိုးမောင်သင်း ကတော့ မတွေ့ ရတဲ့ ၃နှစ်အတွင်း အသက်သာကြီးသွားသည် အရင်လို ချောမောဆဲပါ။သူအိမ်ထောင်ကျသွားပြီး နိုင်ငံခြားထွက်သွားပြီးကတည်းက တစ်ယောက်နဲ့ တစ်ယောက် မဆက်သွယ်ဖြစ်တော့ဘဲ အဆက်အသွယ်ပြတ်နေတာ အတော်လေးကြာသွားပါပြီ

"ရောက်နေတာ တစ်လလောက်ရှိပြီ"

"ဒါများကွာ. .မင်းက ငါ့ဆီတောင်ဆက်သွယ်ဖော်မရဘူး။ မင်းအမျိုးသမီးကော မပါဘူးလား"

"ကွဲသွားပြီ"

"ဘယ်လိုဖြစ်ရတာလဲကွာ။အိမ်ထောင်ကွဲတာ  မင်းဘယ်နှစ်ယောက်ရှိနေပြီလဲ"

"မင်းကွာ အမှု  ကြီးအောင် မလုပ်စမ်းပါနဲ့  . .အခုမှ ဒုတိယအိမ်ထောင်ကွဲတာလေးများကွာ"

"အသက်ကြီးနေပြီ အိမ်ထောင်တည်တည်တန့်တန့်လေးနဲ့ မိသားစု သိုက်သိုက်ဝန်းဝန်း နေသင့်ပြီ။
ဒါနဲ့ မင်းတို့  သားသမီးမရဘူးလား"

"အေး . .အခု အိမ်ထောင်ကွဲတာလည်း ကလေးကိစ္စပဲ
ငါ့အသက်အရွယ်နဲ့  မိသားစုဘဝကို လိုချင်တာပေါ့ကွာ. .
ငွေကြေးလည်းချို့ တဲ့ကြတာမဟုတ်ဘဲ ။ဒါကို သူက ကလေးမလိုချင်ဘူးတဲ့လေ ။အိမ်ထောင်သက် ၃နှစ်အတွင်းမှာ ကလေးလေးတစ်ယောက်ရောက်လာဖို့  ငါလည်း ကြိုးစားပါသေးတယ်။သူက လက်မခံတဲ့အပြင် မွေးမပေးနိုင်ဘူးတဲ့။ကလေးလိုချင်ရင် မွေးပေးနိုင်တဲ့ မိန်းမကို သွားရှာယူတဲ့လေ။ငါလည်း သည်းမခံနိုင်တဲ့အဆုံး ကွာရှင်းပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့တာပဲ"

နှစ်ယောက်စလုံး ဝမ်းသာအားရ စကားပြောနေတာ လူသွားလမ်းပေါ်ဖြစ်နေတာမို့  ကော်ဖီဆိုင်တစ်ဆိုင် ရှာပြီး ထိုင်ကာ ပြောလက်စ စကားဆက်ဆိုကြသည်။

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now