အပိုင်း ၁၈

4.4K 324 17
                                    

အခန်း ၁၈
Zawgyi

အစ်‌ကိုကြီး ဖြိုး‌မောင်‌သင်း နဲ့‌တွေ့ခွင့်‌ရတာ ဟိန်းစစ်‌ ဘဝမှာ အ‌တော့်‌ကို ကံ‌ကောင်းသည်‌ လို့ဆိုရမှာပါ။အခုလည်း ကြည့်‌‌လေ ဟိန်းစစ်‌ တက်‌ဖို့ စားဖိုမှူး သင်‌တန်းကိုလည်း အ‌ကောင်းဆုံး ကိုမှ စုံစမ်းပြီး ကိုယ်‌တိုင်‌ လိုက်‌အပ်‌‌ပေးသည်‌။သင်‌တန်းလစာကိုလည်း လစာထုတ်‌မှ နည်းနည်းစီပြန်‌ဆပ်‌လို့‌ပြောသည်‌။စားဖိုမှူး ဖြစ်‌ချင်‌သည်‌ဟု ပါးစပ်​ က‌ပြော‌နေလို့မှမရဘဲ သင်‌တန်း‌ကောင်း‌ကောင်း‌လေးကို တက်‌‌ရောက်‌သင်‌ယူ‌လေ့လာပြီး စား‌သောက်‌ဆိုင်‌‌တွေမှာ အလုပ်‌သင်‌အဖြစ်‌ ဝင်‌‌ရောက်‌လုပ်‌ကိုင်‌ပြီးမှ လိုချင်‌တဲ့ပန်းတိုင်‌ ‌ရောက်‌‌အောင်‌ ‌ရှေ့ဆက်‌လှမ်း လို့ရမှာ‌ပေါ့‌လေ။အခု‌တော့ ‌ခြေလှမ်းအစကို စတင်‌လှမ်းနိုင်‌ပြီဖြစ်‌သည်‌။အခုဆိုရင်‌ ဟိန်းစစ်‌ စားဖိုမှူး သင်‌တန်း တက်‌‌နေတာ တစ်‌ပတ်‌‌ကျော်‌ရှိပါပြီ။ အားလပ်‌ချိန်‌ ည‌နေပိုင်းမှာလည်း အစ်‌ကိုကြီး ဖွင့်‌ထားတဲ့ စား‌သောက်‌ဆိုင်‌ မှာ ကူညီလုပ်‌ကိုင်‌‌ပေးရင်း ပညာရယူသည်‌။ ဖြိုး‌မောင်‌သင်း ကလည်း ဟင်းချက်‌နည်း ဟင်းပွဲပြင်‌ဆင်‌မှုပါမကျန်‌ အချိန်‌ရရင်‌ရသလို သင်​ကြား ‌ပေးတတ်‌သူပါ
ဟိန်းစစ်‌ ဝါသနာ ပါရာ အလုပ်‌ကို လုပ်‌နေရသည်‌မို့ အချိန်‌ကုန်‌လို့ကုန်‌မှန်းမသိ‌အောင်‌ ‌ပျော်‌ရွှင်‌ပါ‌သည်‌။

ပို၍‌ပျော်‌ရွှင်‌‌စေတဲ့ စကားက‌တော့ အစ်‌ကိုကြီးက သူပိုက်‌ဆံစိုက်‌ပြီး ‌အ‌မေ့ကို ‌နိုင်‌ငံခြားမှာ
ဆေးကု‌ပေးမယ်‌တဲ့‌လေ။ဝမ်းသာလိုက်‌တာ။အ‌မေ့ ‌ရောဂါ အရှင်း‌ပျောက်‌‌အောင်‌ ‌ငွေ‌ကြေးအကုန်‌ခံပြီး ‌ဆေးကု‌ပေးချင်‌တဲ့ ဆန္ဒ က ရင်‌ထဲမှာ အမြဲရှိ‌ပေမယ့်‌ ‌ငွေ‌ကြေးမချမ်းသာလို့ အားမသန်‌အမြဲမာန်‌‌လျော့ခဲ့ရ တာပါ။အခု‌တော့ ဝမ်းသာလွန်းလို့ မျက်‌ရည်‌များ‌တောင်‌ လည်‌မိပါသည်‌။

ဖြိုး‌မောင်‌သင်း ဆိုတာ ဟိန်းစစ်‌ အတွက်‌က‌တော့ မိုး‌ပေါ်ကကျလာတဲ့ ကယ်‌တင်‌ရှင်‌နတ်‌သား‌လေးလို ပါပဲ။
အ‌ဖေမရှိတဲ့ ဟိန်းစစ်‌ ကို ဖခင်‌တစ်‌‌ယောက်‌လို ‌စောင့်‌‌ရှောက်‌‌ပေးသူ အားကိုးရသူ အဖြစ်‌ ယုံကြည်‌မိသည်‌။

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now