အပိုင်း ၂၀

4.7K 280 15
                                    

အခန်း ၂၀
Zawgyi
ခေါင်‌ထက်‌ တစ်‌ညလုံး အိပ်‌မ‌ပျော်‌။ပင်‌ပန်းလွန်းတဲ့အချိန်‌ကာလကို ဖြတ်​‌ကျော်‌လိုက်‌ရ‌ပေမယ့်‌
‌မှေးခနဲသာ အိပ်‌‌ပျော်‌သွားပြီး ပြန်‌နိုးလာသည်‌။နိုးနိုးချင်းပဲ အနားမှာ အိပ်‌‌နေတဲ့ ညီငယ့်‌ကို ‌တွေ့ရသည်‌။‌ခေါင်းအုံးနဲ့လွတ်‌ပြီး ခပ်‌‌ခွေ‌ခွေ‌လေး အိပ်‌‌နေသူနား အသာ‌လေးတိုးကပ်‌သွားလိုက်‌ပြီး ‌ခေါင်း‌လေးကို မကာ ‌ခေါင်‌ထက်‌ လက်‌‌မောင်း‌ပေါ်အုံး‌စေလိုက်‌သည်‌။ဟိန်းစစ်‌ မနိုးပါ။ငိုထားလို့ မို့‌နေတဲ့ မျက်‌ခွံ‌လေး‌တွေ၊ ပါးပြင်‌အိအိ‌လေး၊ ‌ခေါင်‌ထက်‌ အစွမ်းကုန်‌ ခြယ်‌လှယ်‌ထားခဲ့တဲ့ နှုတ်‌ခမ်းသား‌‌လေး‌တွေကို အသာအယာ တို့ထိကြည့်‌မိသည်‌။‌ခေါင်‌ထက်‌ ‌ကြောင့်‌ ပင်‌ပန်းသွားပြီ။ဒီနှုတ်‌ခမ်း‌လေး‌တွေ ပွင့်‌အာလာတဲ့အချိန်‌၊မျက်‌လုံးအစုံ ဖွင့်‌လှစ်‌လာတဲ့အချိန်‌ သူ့ကို ဘာ‌ပြောဦးမလဲ။
မျက်‌‌စောင်း‌လေး ထိုးပြီး ရန်‌‌တွေ့ဦးမလား။ကြိုက်‌သလိုသာ‌ပြော၊ ကြိုက်‌သလိုသာ ရန်‌‌တွေ့‌တော့ ညီငယ်‌။‌ညီငယ်‌နဲ့ စ‌ချစ်‌မိကတည်းက ‌ညီငယ်‌ မယူ‌ပေမယ့်‌ ‌ခေါင်‌ထက်‌ ဘဝတစ်‌ခုလုံး သွန်‌လိုသွန်‌ ‌မှောက်‌လို‌မှောက်‌ ညီငယ့်‌ လက်‌ထဲအပ်‌ထားခဲ့တာပါ။

ဟိန်းစစ် နဲ့ ပတ်‌သက်‌ရင်‌ သူ့‌လောဘ‌တွေ အ‌တောမသတ်‌နိုင်‌‌အောင်‌ ဖြစ်‌‌နေသည်‌။လက်‌‌လေးကို ထိ‌တွေ့ခွင့်‌ရရင်‌ ဒီထက်‌ပိုတဲ့ ပါးပြင်‌ကို ထိ‌တွေ့ချင်‌သည်‌။ပါးပြင်‌ကို ထိ‌တွေ့ခွင့်‌ရရင်‌ ဒီ့ထက်‌ပိုတဲ့ နှုတ်‌ခမ်း‌တွေကို နမ်းချင်‌လာသည်‌။နှုတ်‌ခမ်းကိုမှ နမ်းခွင့်‌ရရင်‌ အရာအားလုံး ကို ပိုတိုးကာ ပိုင်‌ဆိုင်‌ချင်‌လာသည်‌။

စားပွဲထိုး ‌ကောင်‌‌လေး ‌ပြောခဲ့တဲ့ ‌စကားဟာ ခေါင်‌ထက်‌ ကို ကမ္ဘာပျက်‌‌စေသည်‌။အထင်‌လွဲနိုင်‌စရာ မြင်‌ကွင်း အချို့ ရှိခဲ့‌ပေမယ့်‌ ‌မေ့ထားခဲ့သည်‌။
‌ခေါင်‌ထက်‌ မထင်‌ခဲ့တာထက်‌ မထင်‌ရက်‌ခဲ့တာပါ။‌
ကိုယ်‌‌တောင်‌မထင်‌ရက်‌တဲ့ ကိစ္စ ‌ပြောရက်‌‌လေခြင်းဆိုပြီး ယူကြုံးမရ၊‌‌ဒေါသဖြစ်‌‌ပေမယ့်‌ အတည်‌ပြုချင်‌စိတ်‌‌လေး‌ကြောင့်‌ ဝင်‌‌ရောက်‌သွားလိုက်‌မိတဲ့ အခန်းထဲက မြင်‌ကွင်းဟာ ‌ခေါင်‌ထက်‌ကို ကမ္ဘာပျက်‌‌စေသည်‌။စိတ်‌‌တွေကို လွတ်‌သွား‌စေသည်‌။ဘာကိုမှလည်း မမြင်‌‌တော့။
သူကြမ်းခဲ့၊ရမ်းခဲ့မိသည်‌။အကြိမ်‌ကြိမ်‌ ငြင်း‌နေတဲ့ ကြားက အခါခါ ကျူးလွန်‌ခဲ့သည်‌။

ညီငယ်  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now