အပိုင်း ၄၇

3.4K 232 31
                                    

အပိုင်း ၄၇

Unicode

"ဘာ.....ဘာပြောတယ် ညီငယ်"

"ဆရာ ကျွန်တော့်ရဲ့ဘဝကို သတီရဲ့လားလို့ မေးတာပါ"

"ညီငယ် အစ်ကို့ကို အထင်သေးလှချည်လား။
လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ချင်း ထိတွေ့ဆက်ဆံဖို့အတွက် သာယာမှုဆိုတာကို
ဘယ်နားသွားရှာသွားရှာ အချိန်မရွေး ရနိုင်ပါတယ်။
ဒာဲဒါက အပေါ်ယံပဲ ရမှာလေ။ညီငယ့် ကို
အစ်ကို ချစ်တာ ခန္ဓာကိုယ်နဲ့အပေါ်ယံအရေပြား တစ်ထောက်စာ မဟုတ်ဘူး ညီငယ်။ဟိုး....... နှလုံးသားအတွင်း နက်နက်ထဲကနေ အသွေးအသားထဲက နင့်နေအောင် ချစ်တာပါ။ညီငယ် ဘာပဲဖြစ်နေဖြစ်နေ အစ်ကို ဂရုမစိုက်ဘူး။ညီငယ် လဲကျရင် အစ်ကို ထူပေးမယ်။အစ်ကို လဲကျရင် ညီငယ့်ဘက်က လာပြီး ထူပေးစေချင်တဲ့ အေးအတူပူအမျှ ခံစားချင်တဲ့ ခံစားချက်
အချစ်မျိုးနဲ့ ချစ်တာပါ။အစ်ကို့အတွက် အပေါ်ယံ မလိုဘူး ညီငယ်။အတွင်းကျကျ အနှစ်သာရကိုပဲ မျှဝေခံစားခွင့်ရချင်တာ။ဒါ့ကြောင့်လည်း အခုချိန်ထိ အစ်ကို့ဘက်က အချစ်မပြယ် သစ္စာမပျက်ဘဲ ညီငယ့်ကို စောင့်ဆိုင်းနေတာပါ။"

"ကျွန်တော် သိပါတယ်။"

"သိရဲ့သားနဲ့။ဘာလို့ အဲ့လို စကားတွေ အစ်ကို့ကို မေးရက်ရတာလဲ"

ဟိန်းစစ် ဆီက သက်ပြင်းချသံသဲ့သဲ့ကို ခေါင်ထက် ကြားလိုက်ရပါသည်။

"ဆရာနဲ့ ကွဲသွားခဲ့ရတဲ့အချိန်မှာ ကျွန်တော့်ဘဝဟာ ဆရာထင်တာထက် ဆိုးဝါးခဲ့တာပါ။ကျွန်တော့် ခန္ဓာကိုယ်က မသန့်ရှင်းဘူး။
တစ်ခါတလေ ကျွန်တော့်ကိုယ် ကျွန်တော်တောင် မသတီဘူး ဆရာ။ကိုယ်မချစ်တဲ့ ယောက်ျားတစ်ယောက်ရဲ့အနားမှာနေပြီး သူ့စိတ်သဘောအတိုင်း သူ့လိုအင်ဆန္ဒတွေ ငြင်းဆန်လို့မရဘဲ မငြီးမငြူနဲ့  နေ့ညမရွေး ဖြည့်ဆည်းပေးခဲ့ရတာပါ။သူက ကျွန်တော့်ကို ချစ်တယ် လို့သာ ပြောနေတာ တကယ်တမ်းကျတော့ သူ့အချစ်က အတ္တများတယ်။ကျွန်တော့်ဆီမှာ ရှိသမျှအရာတွေ သူ အကုန်လိုချင်တယ်။အကုန်မရရင် သူက ပြဿနာရှာတယ်။ကျွန်တော့်ကို ပြဿနာရှာမရရင် ကျွန်တော့် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ သူတွေကို ဒုက္ခပေးဖို့ သူကြိုးစားတယ်။အထူးသဖြင့် ဆရာ့ကို သူက အကျိုးယုတ်စေချင်တယ်။ဆရာ့ရဲ့ စီးပွားရေးကို သူက ပျက်စီးစေချင်တယ်။ဆရာ့ဘဝကို သူတစ်ပါး ပါးစပ်ဖျားမှာ ပြောစရာဖြစ်စေပြီး ဆရာ့အသိုင်းအဝိုင်းမှာ ဆရာ့ကို နာမည်ပျက်နဲ့ကျန်စေချင်တယ်။ဆရာ့ဘဝ တစစီဖြစ်စေချင်တယ်။ဆရာ့ရဲ့ ကုမ္ပဏီကို ပြိုလဲသွားစေပြီး ကုမ္ပဏီ ပြိုလဲရင်
သူက လက်ဝါးကြီးအုပ်ချင်တယ်။
ဆရာ ကျွန်တော့်ကို ချစ်နေတာကိုလည်း သူ မလိုလားဘူး။"

ညီငယ္  (ညီငယ် )   Zawgyi and UnicodeWhere stories live. Discover now