အပိုင်း ၃၀
Zawgyi"တောင်း. .ပန်ပါတယ်။မလုပ်ပါနဲ့. . ကျွန်တော်
တောင်းပန်ပါတယ်ဗျာ"ဗလုံးဗထွေး အသံ တစ်ခု နားထဲမှာ ကြားလိုက်တာ ကြောင့် ခေါင်ထက် အိပ်ပျော်သွားရာမှ နိုးလာသည်။ညအိပ်မီးမှိန်မှိန်လေးအောက်မှ ခေါင်ထက် ရင်ခွင်ထဲ အိပ်နေသူလေးထံမှ ထွက်လာတဲ့ အသံ ဖြစ်သည်။
ရင်ခွင်ထဲမှာ ရုန်းရင်းဆန်ခတ် မျက်လုံးစုံမှိတ်ပြီး လက်ဟန်ခြေဟန်နဲ့ အော်ဟစ်နေသူလေးကို အသာအယာ လှုပ်နှိုးလိုက်သည်။"ညီငယ်. . ညီငယ်. . ဘာဖြစ်လို့လဲ. . ဘာတွေ အိပ်မက်မက်နေတာလဲ"
"အင်း. . အင်း. .ဟင့်. . ဟင့်"
အော်ဟစ်သံရဲ့ နောက်ကွယ်မှာ ညည်းသံလေး ပါလာသည်။မျက်ရည်စလေးတွေလည်း တွေ့ရသည်။
ခေါင်ထက် အိပ်နေရာမှ ထလိုက်ပြီး ယောင်ယမ်းကာ အော်ဟစ်နေတဲ့ ဟိန်းစစ် ကို ဆွဲပွေ့ကာ ထစေလိုက်သည်။ထူပေးသူကို တွန်းထုတ်သည်။ရုန်းသည်။
မျက်လုံးပွင့်လာချိန် ရင်ခွင်ထဲမှာ ရုန်းကန်နေပြီး ခေါင်ထက် ကို မော့ကြည့်ကာ ကြောက်လန့်တကြားနဲ့ ထပ်မံ
တွန်းထုတ်ပြီး မေးလေသည်။"လွှတ်. . လွှတ်. . ခင်ဗျား ဘယ်သူလဲ"
ခေါင်ထက် ကို တစ်ခါမှ မမြင်ဖူးသလို ကြည့်ပြီး မျက်ရည်တွေ ကြားထဲက
မေးခွန်းထုတ်နေသည်။"ညီငယ်. . အစ်ကိုလေ. . အစ်ကို. . သေချာကြည့်ပါဦး"
ရုန်းကန်နေသူလေးရဲ့ လက်နှစ်ဖက် ကို ခပ်ဖွဖွလေး ကိုင်ပြီး သူ့မျက်နှာ နှစ်ဖက်စီ ကပ်ပေးလိုက်ကာ သတိဝင်စေဖို့ စကားတွေ ပြောပေးလိုက်သည်။
မီးမှိန်မှိန်အောက်မှာ မသဲမကွဲ အမြင်နဲ့ ခေါင်ထက်မျက်နှာကို သေချာကြည့်နေသည်။ဇောချွေးတွေလည်းပြန်လို့နေသည်။ဘာတွေဖြစ်နေသလဲ ညီငယ်ရယ်။ပြီးမှ ခေါင်ထက် မှန်း သိသွားပြီး မျက်နှာလေး မဲ့လာသည်။ပြီးတော့ ရင်ခွင်ထဲကို အတင်းဝင်လာပြီး
ခါးကို လက်နှစ်ဖက် ယှက်ကာ
တင်းကျပ်စွာ ပွေ့ဖက်ထားလေသည်။ခေါင်ထက် လည်း ပြန်လည် ပွေ့ဖက်ထားလိုက်သည်။ဟိန်းစစ်ရဲ့ မျက်ရည်စတွေ ဟာလည်း ခေါင်ထက်ရဲ့ ရင်ဘတ်ရှေ့အင်္ကျီမှာ ရွှဲစိုကာနေပြီ။
ရင်ခွင်ထဲမှာ ရှိုက်သံလေးနဲ့ ငိုနေသူရဲ့ ကျောပြင်လေးကို ပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။ရှုပ်ပွပွ ဆံပင်ထွေးထွေးကြားထဲ နှာခေါင်းထိုးကာ မွှေးကြူဖြစ်သည်။
![](https://img.wattpad.com/cover/202985893-288-k790741.jpg)
YOU ARE READING
ညီငယ် (ညီငယျ ) Zawgyi and Unicode
RomanceNote စာဖတ်သူများ ချစ်ပရိသတ်များ မင်္ဂလာပါ ဒီ ဝတ္ထု ကို စဉ်းစားထားတာ ကြာပေမယ့် မရေးဖြစ်ခဲ့ဘူး။ ရေးဖြစ်ပြန်တော့လည်း အများကြီး စဉ်းစားပြီးမှ တင်ဖြစ်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ စာဖတ်သူတွေထဲမှာ အရွယ်သုံးပါး ကျား၊မ မရွေးပါဝင်နိုင်တဲ့အ...