part 1 (Zawgyi&Unicode)

24.7K 1.3K 19
                                    

[Zawgyi]

' Thway Khant sent you a friend request '

မအိပ်ခင်လေးတစ်ခဏ ဖုန်းသုံးနေရင်း noti bar မှာတက်လာတဲ့ friend request ကို မင်းမြတ်ကြည့်လိုက်သည်။ Account ထဲတွင် friend လည်းသိပ်မထား post လည်း သိပ်မတင်ဖြစ်သူမလို့ noti တက်တယ်ဆိုတာ ရှားသည်မလို့ noti သံကြားရင်တော့ အမြဲလိုလို ကြည့်ဖြစ်သည်။

Friend request ကို ကြည့်လိုက်တော့ ရေတံခွန်ကိုနောက်ခံထားကာ မျက်နှာဘေးတစောင်းလေးနဲ့ profile တစ်ခု။ Wall ထဲ ဝင်ကြည့်မိတော့ Mutual မှာ သူသူနဲ့ကိုစိုင်းအပါအဝင် သူငယ်ချင်းတော်တော်များများရှိနေတာမလို့ ထွေထွေထူးထူးမစဉ်းစားပဲ comfirm သာ နှိပ်လိုက်တော့သည်။

တောင်...

" Hi ~~~ "

" What the f**k "

မင်းမြတ်တစ်ယောက် အလန့်တကြား ဆဲရေးလိုက်မိတော့သည်။ Messeger က တက်လာတဲ့ noti chat head မှာ ခုလေးတင် လောလောလတ်လတ် friend ဖြစ်ထားတဲ့ Thway Khant ဆိုတဲ့ Account။

Messenger ဆိုတာက မင်းမြတ် သိပ်မသုံးတဲ့ application တစ်ခုဖြစ်ပြီး သူသူနဲ့ကိုစိုင်းက တစ်ခါတစ်လေ စာပို့ရင်တောင် ဝင်မကြည့်ဖြစ်တာများသည်။ ဝင်မကြည့်ဖြစ်ရင်တော့ နောက်နေ့ကျောင်းရောက်ရင် အဲ့နှစ်ကောင်ဆီက မိုးမွှန်အောင်အဆဲခံရဖို့သာပြင်။ မင်းမြတ်လည်း ဆက်မတွေးတော့ပဲ Chat head ကိုသာ နှိပ်လိုက်တော့သည်။

" အင်း ... "

တိုတိုပြတ်ပြတ်သာ reply ပြန်လိုက်သည်။ ဘယ်သူနဲ့မှလည်း အရေးလုပ်ပီးစကားမပြောချင်။ စကားပြောပီး တစ်ရက်နှစ်ရက်ထိသာ ရွှန်းရွှန်းဝေနေတတ်ပေမယ့် နောက်တစ်ပတ်လောက်ကြာရင် မသိတဲ့လူတွေလို ပြန်ဖြစ်သွားကြသည်ချည်းသာ။ မင်းမြတ်အဖို့ ဘယ်သူ့ကိုမှလည်း သံယောဇဉ်မတွယ်တာချင်။

" မေမြို့ ကပဲလား "

" What??? "

What လို့သာပြောနိုင်တော့သည်။ profile မှာ Lives in May Myo လို့ရေးထားတာကို မေမြို့ကလားမေးတော့ ဖြေစရာမရှိတော့တာတော့အမှန်။

" အာ.. မေမြို့ကလားလို့ပါ profile မှာ တွေ့လို့လေ ... ကိုယ်မင်းနဲ့ ခင်လို့ရမလား ? "

" အင်း "

မခင်လို့မရဘူးလို့ ပြောစရာလည်းအကြောင်းမရှိ။ ယောကျာ်းလေးအချင်းချင်း သူ့ဘာသာခင်ချင်တာ မခင်နဲ့ပြောလည်းရတာမှတ်လို့။ ကိုယ့်ဘာသာမခင်ချင်ရင် ခပ်တန်းတန်းနေရုံသာ။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now