Part 23(Zawgyi&Unicode)

6.9K 640 19
                                    

[Zawgyi]

'ငါ သက်သာသွားမှာပါဆို ခန့် ရာ အရမ်းစိတ်မပူပါနဲ့ဆို'

'မပူလို့ရမလားဗျာ ကိုယ်လာခဲ့မယ် ဆိုတော့လဲ မဟုတ်ဘူး အဲ့တာကြောင့် ညနေက ပြောတယ် မကုန်ရင် အရမ်းကြီးမစားပါနဲ့ဆို ခုတော့ အစာမကြေဖြစ်ပြီ'

အကြောင်းကား ညနေက တို့ဟူးသုပ်ဆိုင်မှာ မင်မြတ် တို့ဟူးသုပ်တွေ ကြက်ခြေထောက်တွေ အပုံလိုက်အပင်လိုက်အစားလွန်ကာ ရင်ပြည့်ပြီး အိပ်ခါနီးအချိန်လောက်မှာ စားသမျှ ပြန်အန်ကာ ဖျားသွားခြင်း ...

'ညနက်နေလို့ ပြောတာပါ ခန့်ရာ ငါ အစာမကြေလို့ အန်နေတာ အရမ်းစိတ်မပူနဲ့ လာချင်ရင် မနက်ဖြန် မနက်ကျမှ လာလေကွာနော် ခန့် ... ကြားလားလို့ '

'အင်းးး'

စိတ်ပူနေတယ်ဆိုတာ သိပေမယ့် ညကြီးမိုးချုပ်တော့ သွေးခန့်ကို မလာစေချင် ... သွေးခန့်က မင်းမြတ်ဆီ ထွက်လာမယ်ဆိုရင် သွေးခန့်မေမေ တစ်ယောက်ပဲ အိမ်မှာ ကျန်နေခဲ့မယ်ဆိုတာ မင်းမြတ်သိသည်။ ညကြီးမင်းကြီး လူကြီးတစ်ယောက်ထဲ ထားခဲ့ဖို့ မသင့်တော်တာကြောင့် သွေးခန့်လာဖို့ပြောတာကို မင်းမြတ်က အတန်တန် ငြင်းနေရခြင်း ...

'ဘာ အင်း လဲ မကောက်တတ်ပဲ ကောက်မနေနဲ့ လာချင်ရင် မနက်ဖြန်မှလာ ကြားလား အိပ်တော့ စောစောအိပ်မှာ မနက်ဖြန် စောစော လာနိုင်မှာလေ'

'ကောက်စရာလားဗျာ ကိုယ်က စိတ်ပူနေလို့ကို'

'စိတ်မပူပါနဲ့ကွာ ငါတစ်ခုခုဖြစ်ရင် အိမ်မှာဖေနဲ့မေလဲ ရှိတယ် စိတ်ပူမနေနဲ့ မင်း ထွက်လာရင် အိမ်မှာ အန်တီပဲ ကျန်ခဲ့မှာလေ ခန့်ရာ မနက်ကျမှလာ'

'အင်းပါ အဲ့တာဆို ကိုမြတ်လဲ အိပ်တော့ ကိုယ်မနက်ကျရင်လာခဲ့မယ် ချစ်တယ် ကိုယ့်ရဲ့နွေဦးလေး'

မင်းမြတ်ဘက်က ဘာမှ ပြန်မပြောပဲ ဖုန်းချသွားတော့ သွေးခန့် သဘောတကျပြုံးမိသည်။ ချစ်သူဖြစ်ပြီးကတည်းက သွေးခန့်တို့ နှစ်ယောက်ရဲ့ ညခင်းနှုတ်ဆက်စကားက Good night အစား ချစ်တယ် ဆိုတဲ့ စကားသာ ဖြစ်ခဲ့ပါတယ် ... နှစ်ယောက်ရဲ့ စကားဆိုပေမယ့် သွေးခန့်က ပြောရင် မင်းမြတ်ဘက်က ဘယ်တော့မှ ပြန်မပြောတတ် ဖုန်းချက်ချင်း ချသွားသည် ချည်းသာ ...ချစ်ခြင်းတရားတို့နဲ့ အတိပြီးတဲ့ ညခင်းလေးက သိပ်ကို အေးချမ်းခဲ့ပါတယ် ...

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now