Part 42(Zawgyi&Unicode)

5.1K 451 6
                                    

[Zawgyi]

'အဆင်ပြေပါ့မလား ကိုကို'

'ပြေပါတယ်ကွာ စိတ်မပူနဲ့ ကိုကိုလဲ ရှိတယ် ဖေကြီးလဲ ရှိတယ် ဟုတ်ပြီလား မေကြီးက နည်းနည်းပါပါး ငေါက်ငမ်းတာလောက်ပဲ ရှိလောက်မှာပါ'

အခုလက်ရှိ သွေးခန့်တို့ ရောက်နေတဲ့ နေရာကတော့ နွေဦးငယ်လေးရဲ့ အိမ်ရှေ့ ... ပြောရရင် ခြံရှေ့လို့ပြောရမလား ... ခြံထဲတောင် မဝင်နိုင်သေးပဲ နှစ်ယောက်သား ဆိုင်ကယ် တစ်ယောက်တစ်စီးစီနဲ့ ခြံပြင်မှာ ဆိုင်ကယ်ပေါ် ခွရက်လေး ... အသည်းအသက် နွေဦးငယ်က အဆင်ပြေတယ် ပြောနေသည့်တိုင် သွေးခန့်ရဲ့ စိုးရိမ်နေမှု level ကလဲ လျော့ကျမသွားသေး ...

'လာပါ ခန့်ရာ ဘာမှမဖြစ်ဘူး အဆင်ပြေပါတယ်ဆို'

ပြောပြောဦးချင်း နွေဦးငယ်က ခြံတံခါးကို ဆင်းဖွင့်ရင်း ဆိုင်ကယ်ကို တွန်းကာ အိမ်ထဲ ဝင်သွားသည်။ သွေးခန့်မှာသာ အယောင်ယောင် အမှားမှား ... ဆိုင်ကယ်ပေါ် ခွရက်ကြီး စက်လဲမနှိုးပဲ ခြေထောက်နှစ်ဖက်က ကားယားကားယားနဲ့ တွန်းကာ ခြံထဲလိုက်ဝင်သည်။ သွေးခန့်တစ်ယောက် ဆိုင်ကယ်တစ်စီးနဲ့ ဗျာများနေတာနဲ့တင် နွေဦးငယ် ဘယ်ရောက်သွားမှန်းတောင် မသိလိုက် ... ကြည့်ရတာ သွေးခန့်ကို မစောင့်ပဲ အိမ်ထဲဝင်သွားတာ ဖြစ်လောက်သည်။ သွေးခန့်လဲ ခြံထဲက နွေဦးငယ် ဆိုင်ကယ်ရပ်ထားတဲ့ နေရာမှာပဲ ဆိုင်ကယ်ကို ကပ်ရပ်ပြီးပေမယ့် အိမ်ထဲကို ဝင်ဖို့က တွန့်ဆုတ် တွန့်ဆုတ် ...

'မောင်သွေးခန့် အန်တီတို့ စကားပြောရအောင်'

'ဟင် ဗျ ... ဗျာ ... အာ ဟုတ် အန်တီ'

အိမ်ထဲဝင်ရမလို မဝင်ရမလိုနဲ့ သွေးခန့် တိုင်ပတ်နေရင်း အိမ်ထဲကနေ နွေဦးငယ်ရဲ့ မေမေက အိမ်ထဲကနေ ထွက်လာသည်။ စကားပြောရအောင်ဆိုတော့ စိုးရိမ်စိတ်ဝင်သွားပေမယ့် ခပ်အေးအေးပဲ ပြောနေတာ ဖြစ်တာကြောင့် သွေးခန့် စိတ်အေးသွားရသည်။

'လာလေ ခြံထောင့်မှာ ခုံလေးရှိတယ် အဲ့မှာ အေးဆေးပြောတာပေါ့ မင်းမြတ်ကိုတော့ ရှာမနေနဲ့ အန်တီ အိမ်ထဲမှာ နေခိုင်းထားတယ်'

ပြောစရာရှိတာ ပြောပြီး ခြံထောင့်လေးမှာ ရိုက်ထားပုံရတဲ့ ခုံတန်းရှည်လေးဆီကို လျှောက်သွားတဲ့ နွေဦးငယ်ရဲ့ မေမေနောက်ကို သွေးခန့် ခပ်ဆိတ်ဆိတ်သာ လိုက်သွားလိုက်သည်။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now