Part 10 (Zawgyi&Unicode)

9K 849 18
                                    

[Zawgyi]

တစ်ရက်နဲ့ တစ်ရက် အချိန်ကုန် အိပဲ့ အိပဲ့ နဲ့ပဲ စာမေးပွဲ နောက်ဆုံးရက်ကို ရောက်လာတော့တယ် ... ဖြေခဲ့သမျှ ဘာသာ ခြောက်ခုစလုံးလဲ ဖြေနိုင်လိုက် မဖြေနိုင်လိုက် ... ဖြေနိုင်နိုင် မဖြေနိုင်နိုင် ကျတော့မယ် မဖြေနိုင်ဘူး ပြောတာက ခပ်များများ ... အမှန်က တကယ်လဲ မဖြေနိုင်ပါဘူး ... ဒီလိုပါပဲ ... ဘဝကြီးက ခွေးသတောင်းစား အရမ်းဆန်တယ် ... ရှုံးနိမ့်လိုက် ကျဆုံးလိုက် ...

'သားတို့ရေ ... မင်းတို့ မေမေ ခွေးဖြစ်ပြီဟ ... မြန်မာစာ မဖြေနိုင်တာ လူကြားလို့မကောင်း T-T'

'မင်း ခွေးမဖြစ်တဲ့ ဘာသာရော ရှိသေးလို့လား ဟန်'

'သောက်ကောင်'

မိန်းကလေး ပီပီသသ လက်ခလယ် ထောင်ပြပြီး ဆဲလိုက်တဲ့ သူသူနဲ့ ဘုဆတ်ဆတ် ဖေယံတို့ရဲ့ သူတပြန် ကိုယ် တစ်ပြန်ရန်ပွဲကြီးက ဖြစ်နေကျ မလို့ မင်းမြတ်တို့လဲ ဘာမှ ပြောမနေတော့ပဲ ဒီတိုင်းသာ ကြည့်နေလိုက်တော့တယ်...

'ကိုမြတ်တို့ အုပ်စုရော ... ဒီနေ့ စာမေးပွဲပြီးတာ မေမြို့ကို ချက်ချင်း ပြန်ကြမှာလား '

'မပြန်သေးပါဘူး ကိုခန့်ရာ ... စာမေးပွဲက နေ့လည်ပိုင်း ဖြေရတော့ ခုလေးတင်ကို သုံးနာရီထိုးနေပြီ ... အဆောင်ပြန် ပစ္စည်းသိမ်းရဦးမှာနဲ့ မနက်ဖြန်မှ ပြန်မလို့လေ ... ဘာလို့လဲ ကိုမြတ်'

'ဘာမှတော့ မဟုတ်ပါဘူး ... ပြန်ကြတော့မယ်ဆိုတော့ နောက် second semester မရောက်မချင်း သူငယ်ချင်းတွေ စုတွေ့ဖို့ မလွယ်ဘူးလေ ... အခု တစ်ဖွဲ့လုံး ကိုယ်တို့ အဆောင်လိုက်ခဲ့လေ မုန့်စုစားကြမလား'

'အေး ပြောတာလဲ ဟုတ်တာပဲ ... တွေ့ရင်တောင် လူစုံဖို့က မလွယ်ဘူး'

သွေးခန့်ပြောတာလဲ ဟုတ်နေတာကြောင့် မင်းမြတ် ထောက်ခံမိသည်။ အကုန်လုံး သူ့အလုပ်နဲ့သူ ကိုယ့် အလုပ်နဲ့ကိုယ် မိအိမ်ကို ကူပေးရတဲ့ သူနဲ့ တွေ့ရရင်တောင် လူစုံမည် မဟုတ် ... မုန့်စုစားကြမယ်သာပြောနေကြတာ မင်းမြတ်တို့က အဆင်ပြေပေမယ့် သူသူက မိန်းကလေး တစ်ယောက်ထဲ ဖြစ်နေတာမလို့ အဆင်ပြေမှာ မဟုတ် ...

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now