Part 25(Zawgyi&Unicode)

6.5K 589 8
                                    

[Zawgyi]

'အမလေး မုန့်လုံးရေပေါ်ထည့်ဖို့ ပန်းကန်လေး သွားယူတာကို ၇ရက် ၇လီ ကြာနေလိုက် ငါက နင်တို့ လင်မယား ညားနေပြီတောင် မှတ်တာ'

'သူသူ နင်ဘာတွေပြော ...'

မင်းမြတ် ပန်းကန်တွေ ယူပြီး အိမ်ထဲက ထွက်လာတုန်း သူသူက အိမ်ရှေ့က မုန့်လုံးရေပေါ် ဆယ်နေရင်းကနေ ဆီးဟောက်လိုက်တာမလို့ မင်းမြတ် နဂိုရှက်နေရာကနေ အငွေ့ပါ ပျံချင်သွားသည်။ သူနဲ့ သွေးခန့်နဲ့ ပတ်သတ်မှုအကြောင်းကို အခုချိန်ထိ သူငယ်ချင်းတွေကို သေချာမပြောရသေး ...

'လုပ်မနေနဲ့ နွားရဲ့ ရှက်မနေနဲ့ နင်တို့ နှစ်ယောက်အကြောင်း ငါတို့ သိပြီးသား'

'ကဲပါ သူသူ ရယ် စ မနေနဲ့တော့ ငါ့ နွေဦးငယ်လေး ရှက်နေပြီ'

မင်းမြတ်နောက်ကနေ အိမ်ထဲက လိုက်ထွက်လာတဲ့ သွေးခန့်က မင်းမြတ်ပုခုံးကို လှမ်းဖက်ပြီး ပြောလိုက်တာမလို့ မင်းမြတ်က နဂိုထက် ပိုရှက်သွားပေမယ့် သူသူနဲ့ ကျန်တဲ့ကောင်တွေကတော့ မျက်နှာကြီး ရှုံ့ မဲ့လို့ တစ်ဖက်ကို လှည့်သွားကြသည်။

'အဲ့ ခန့် မဟုတ်သေးဘူးလေကွာ ငါက ဘာမှသူတို့ကို မပြောရသေးတော့ သူတို့ ဘယ်လိုသိသွားတာ'

'ကိုယ်က ဒီနွေဦးငယ်ကို လူမသိသူမသိပဲ ချစ်နေရမှာလား ကိုယ်တို့ သူငယ်ချင်းတွေလဲ သိသင့်တာပေါ့ ပြောရရင် ကိုယ်က ကိုမြတ်ကို ချစ်တယ်ဆိုတာ သူတို့က အရင်ကတည်းက သိပြီးသား ဒီ ငတုံးပဲ မသိတာ ...'

'အားး ခွေးကောင် ခန့် နာတယ် လွှတ် အားးး'

ပြောရင်းဆိုရင်း သွေးခန့်က ရှေ့မှာ ရပ်နေတဲ့ ချစ်မဝလေးရဲ့ နှာခေါင်းလုံးလုံးလေးကို အားနဲ့ ဆွဲညှစ်လိုက်သည်။ နှာခေါင်းကို ဆွဲညှစ်ထားတဲ့ သွေးခန့်လက်တွေကို မင်းမြတ်က အတင်းရုန်းကာ တွန်းဖယ်ရင်း ဘုကြည့်ကြည့်လာသည်။ နှာခေါင်းလုံးလုံးလေးက သွေးခန့်လက်ကနေ လွတ်တော့ ခပ်ရဲရဲလေးတောင် ဖြစ်နေပြီ ... တကယ်ပါဗျာ ကိုယ့်ရဲ့ နွေဦးငယ်ဆီမှာ ကျဆုံးစရာတွေ အပြည့် ...

'အောဟော ဟို လင်မယားရေ နင်တို့ ကလူလို့ ပြီးဦးမှာလား အဲ့ ပန်းကန်တွေ လာပေးဦးဟ'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now