Part 35(Zawgyi&Unicode)

5.1K 434 8
                                    

[Zawgyi]

'ကျောင်းပြန်မဖွင့်ခင် ကိုယ်တို့ ပုဂံကို သွားလည်ကြမလား ကိုကို'

'ခန့်က သွားချင်လို့လား'

မနက်ပိုင်း မေမြို့ကော်ဖီဆိုင်လေးမှာ မနက်စာ အတူလာစားကြရင်း သွေးခန့်က ပုဂံသွားလည်ဖို့ စကားစလာသည်။

'အင်း ကိုယ်တို့ ချစ်သူဖြစ်ကတည်းက ခရီးမထွက်ဖူးဘူးလေ ဂုတ်ထိပ်တောင် ကိုကို အဖြေပေးတဲ့နေ့ကမှ ရောက်တာဆိုတော့ ကိုယ်တို့ သုံးရက်လောက် ပုဂံကို သွားလည်ရအောင်'

'အဲ့တာဆို သွားမယ်လေ ခန့် ဒါနဲ့ ဟိုလေးယောက်ရော ခေါ်ဦးမလား'

'သူတို့လိုက်ရင်တော့ ခေါ်မှာပေါ့ ကိုကိုရ ... ပြီးတော့ ခေါ်တာက ဟုတ်ပေမယ့် သူသူက မိန်းကလေးဆိုတော့ အဆင်မပြေမှာလဲ စိုးရသေး'

'အဲ့တာတော့ ဟုတ်တယ်နော် ကိုကို မေးကြည့်လိုက်ပါ့မယ် လိုက်ချင်တယ်ဆိုရင်လဲ သူ့ သူငယ်ချင်း မိန်းကလေး အဖော်ဖြစ်ဖြစ် ခေါ်ရင် ခေါ်ခိုင်းလိုက်တာပေါ့'

ခန့် ပြောတာလဲ ဟုတ်သည်။ သူငယ်ချင်းတွေ စုပြီး ခရီးထွက်တာဟုတ်ပေမယ့် သူသူက မိန်းကလေး တစ်ယောက်တည်းဖြစ်နေလို့ အဆင်မပြေ ... သူငယ်ချင်းခြောက်ယောက်ထဲမှာ သူသူတစ်ယောက်ထဲ မိန်းကလေးဖြစ်နေတာမလို့ ကျန်တဲ့ ယောက်ျားလေး ငါးယောက်က ညီမလေးတစ်ယောက်လို စောင့်ရှောက်ပေးကြတာ မှန်ပေမယ့် ပတ်ဝန်းကျင်ကရှိသေးသည်။ တစ်စိပ်ကို တစ်အိတ်လုပ်ပြောကြတဲ့ ပတ်ဝန်းကျင်ကြောင့် မိန်းကလေး ဖြစ်တဲ့ သူတို့ ညီမလေးငယ်လေး အပြောခံရမှာတော့ မလိုလားကြ ... ဖေယံနဲ့ သူသူတောင် ချစ်သူဖြစ်နေကြတာ မှန်ပေမယ့် အရင်ကတည်းက ချစ်နေသူ ဖေယက သူသူ့အပေါ်တောင် မထိရက်မကိုင်ရက်နဲ့ တော်တော်ချစ်ပေးတာကိုလဲ သူတို့အကုန်သိသည်။

'ဟုတ် ကိုကို မေးပြီးရင် ကိုယ့်ကိုလဲ ပြောနော် အဆင်ပြေရင် အင်းးး ဒီနေ့ အင်္ဂါနေ့ဆိုတော့ ကြာသပတေးလောက်စီစဉ်လိုက်ရမလား မြန်လေကောင်းလေပဲ ကြာသွားရင် အစီအစဉ်က ပျက်မှာ ကိုကိုရ'

'အွန်း အဲ့တာဆို ခဏနေ အိမ်ပြန်ရောက်ရင် ဖုန်းဆက်လိုက်မယ်လေ ခန့်ရော ဟိုနှစ်ယောက်ကို ဖုန်းဆက်လိုက်'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now