Part 6 (Zawgyi&Unicode)

10.1K 1K 12
                                    

[Zawgyi]

ဒီနေ့တော့ မင်းမြတ် canteen ကို တစ်ယောက်တည်း မလာတော့ပဲ သူသူ နဲ့ ကိုစိုင်းတို့နဲ့ အတူသာ ဝင်လာခဲ့လိုက်သည်။ မနေ့ညက သူသူနဲ့ ကိုစိုင်းကို အကျိုးအကြောင်း ပြောပြထားပြီးသားမလို့ မနက်ပိုင်း ကျောင်းရောက်တော့ သူသူနဲ့ ကိုစိုင်းက မင်းမြတ်ကို ဆိုင်ကယ်အပ်သည့် နေရာတွင် အရင် စောင့်နေသည်။ ထိုကနေမှ canteen ကို တူတူလာခဲ့ကြခြင်း ... canteen ရောက်တော့ ထုံးစံအတိုင်း သူသူက ကောင်တာရှေ့က ဝိုင်းကိုသာ ဦးအောင်ပြေးထိုင်သည်။ သူသူက ဝိုင်းတစ်ဖက်မှာ ဝင်ထိုင်ပြီး မင်းမြတ်နဲ့ ကိုစိုင်းက မျက်နှာချင်းဆိုင်တစ်ဖက်မှာ ဘေးချင်းကပ်ထိုင်ကြသည်။ သွေးခန့်တို့ကိုလည်း စောင့်နေရင်း သုံးယောက်လုံး မနက်စာစားပြီးကြပြီမို့ သောက်စရာ အသီးဖျော်ရည် သုံးခွက်သာ အရင်မှာထားလိုက်သည်။ ဘယ်လောက်မှတောင် ကြာကြာမစောင့်လိုက်ရ မှာထားသည်များ ရောက်လာတော့သည်။

'ဟဲ့ မင်းမြတ်... နင့်ဟာက ဟုတ်ရော ဟုတ်ရဲ့လား ... အဲ့ကောင်က အချေဟ ... သေရောသေချာလား'

ဖျော်ရည်သောက်ရင်း ထိုင်စောင့်နေကြတုန်း သူသူက စကားစလာသည်။ သွေးခန့်က မင်းမြတ်ကို လာမယ်လို့ သေချာပြောထားတာကြောင့် သွေးခန့်ရောက်လာမယ် ဆိုတာတော့ သေချာသိနေသည်။ သူသူ ပြောလဲ ပြောချင်စရာ သွေးခန့်က နောက်ကျနေသည်ကိုး...

'လာတာတော့ လာမှာပါဟ ... မနေ့က သူငါ့ကို သေချာပြောထားတယ်'

'အေးလေ သူသူရယ် ... စောင့်လိုက်ပါဦးဟ ... ခုမှ ခဏလေး ရှိသေးတာကို ... အရမ်းနောက်ကျနေတာမှ မဟုတ်တာ'

များသောအားဖြင့် ခပ်အေးအေးနေတတ်သည့် ကိုစိုင်းကပါ ပြောလာသည်မို့ သူသူလဲ ဘာမှဆက်ပြီး မပြောတော့ပဲ သူ့အအေးကိုသာ ငုံ့သောက်နေသည်။ မင်းမြတ်လဲ အအေးပြန်သောက်နေရင်း ဆိုင်ပေါက်ဝဘက်သို့ လှမ်းကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင်သွေးခန့်က ဝင်လာသည်။ တစ်ယောက်တည်းတော့ မဟုတ် ... မနေ့ မနက်ပိုင်းက တွေ့လိုက်သည့် နှစ်ယောက်ပါ ပါသေးသည် ။ သွေးခန့်ကလဲ ဝင်လာလာချင်း သူ့ကို မြင်တော့ အားနာပြုံးလေးလှမ်း ပြုံးပြရင်း သူတို့ဝိုင်းဘက်သို့ လျှောက်လာသည်။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now