Extra 2(Zawgyi&Unicode)

6.2K 341 29
                                    

[Zawgyi]

'နင့် မေကြီးကို စကားဝါဖူးက ထောက်ကြန့်နားမှာ ရှိနေလိုက် ... ငါတို့ မေမြို့ နားမှာကို'

'ဟဲ့ သူသူ နင် ဘယ်လိုတောင်ဖြစ် ... နားကို အူထွက်သွားတာပဲ ... ခရီးသွားနေတာ စကားကို ယဉ်ယဉ်ကျေးကျေး ပြောစမ်းပါ'

ကားပေါ်မှာ ဖုန်းကြည့်ရင်း အော်ဆဲနေတဲ့ သူသူကို အော်လိုက်တဲ့ ဇေယျာ ... ဇေယျာ ပြောတဲ့ ခရီးသွားနေတယ်ဆိုတာက ခရီးဝေးဝေးလံလံ သွားတာထက် နောင်ချိုမှာ ရှိတဲ့ ဘန့်ဘွေးကျင်း ရေတံခွန်ကို ခရီးတိုလေး တစ်ခု ထွက်လာကြခြင်း ...

ယမင်းပါ သွေးခန့်တို့ အဖွဲ့ထဲ ပါလာပြီမလို့ ၇ ယောက် အဖွဲ့က ခရီးသွားရတာ သက်တောင့် သက်သာရှိအောင် ဇေယျာ့ အိမ်က Alphard နှင့် သွားကြသည်။ သွေးခန့်က ကားမောင်းပြီး ဘေးမှာတော့ သွေ့ခန့်ရဲ့ ချစ်လှစွာသော နွေဦးငယ်လေး ... နောက်က အလယ်ခုံမှာတော့ သူသူနဲ့ ယမင်းက ထိုင်ပြီး အနောက်ဆုံးက ခုံတန်းမှာတော့ ကိုစိုင်း ဖေယံနဲ့ ဇေယျာတို့ သုံးယောက် ထိုင်သည်။ ကားပေါ်မှာတင် ရေမီး အပြည့်အစုံ စားစရာ ပါသည်မလို့ အကုန်လုံးက သာသာယာယာပင် ...

'ဟဲ့ တိတ်စမ်း ... ငါက ဆဲချင်လို့ ဆဲတာမဟုတ်ဘူး ... ဘယ်က လိ့လိ့လားလား ကောင်လဲမသိဘူး ... မှတ်မိလား ဟိုတစ်ခါ ငါတို့ သွားတဲ့ စကားဝါဖူး စားသောက်ဆိုင်လေ ... ပျိုးဥယျာဉ်နဲ့ တွဲဖွင့်ထားတဲ့ဟာ ... အဲ့တာကို သူတောင်းစားက အဲ့ဆိုင်ရဲ့ ပုံတွေကို တင်ထားပြီး ရန်ကုန်က ထောက်ကြန့်နားမှာတဲ့'

'ထားလိုက်ပါ ဟန်ရာ ... ပြောမနေပါနဲ့ သိတဲ့သူတွေကလဲ သိပါတယ်'

ငေါက်စပ်စပ် နဲ့ ပြောနေတဲ့ သူသူ့ကို ဖေယံက လေပြေလေးနဲ့ လှမ်းပြောသည်။ ဒီ အတွဲက ဘယ်လိုဖြစ်လို့ အဆီအငေါ် တည့်ပြီး ရည်းစားဖြစ်နေလဲ စဉ်းစားမရ ... သူသူက ထစ်ခနဲဆို အုန်းဒိုင်းနဲ့ စိတ်မြန်ကိုယ်မြန်ရှိပေမယ့် ဖေယံကတော့ အေးအေးလူလူသာ ...

'ဘန့်ဘွေးကျင်းရောက်ရင် ကားထားဖို့ အဆင်ပြေတဲ့ နေရာ ရှိပါ့မလား ခန့်'

'ရှိပါတယ် ကိုကိုရာ ... ကိုယ်တစ်ခါ ရောက်ဖူးတယ် ... သူက အပေါ်မှာ မြေပြန့်လိုလေးရှိတယ်လေ ... အဲ့ကနေမှ နည်းနည်းဝေးဝေး လမ်းလျှောက်ပြီးမှ အောက်ထဲကို ဆင်းရတာ ... လမ်းကလဲ လှေကားလေးတွေနဲ့ သေချာဖောက်ပေးထားတာ'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now