Part 9(Zawgyi&Unicode)

9.2K 895 16
                                    

[Zawgyi]

'I love my life because my life is Ko Gyi T-T'

မင်းမြတ် စာကျက်နေရင်း ခဏနားကာ new feed ပွတ်နေတုန်း ပေါ်လာသည်က သူသူ့ရဲ့ share post ... ဒီကောင်မလေး မနက်ဖြန်ပဲ စာမေးပွဲက ဖြေရတော့မယ် ခုချိန်ထိ ကိုကြီးတမ်းချင်းတကာ share ကောင်းနေတုန်း ... ပြီးရင် Group ထဲ ဒါမှမဟုတ် private cb မှာ ခွေးဖြစ်တော့မယ် ဆိုပြီး လာညည်းဦးမှာ အသေအချာ... share ထားတဲ့ အချိန်ကို ကြည့်လိုက်တော့လဲ share ထားတာ မကြာသေး 5 min ဆိုတာက ပေါ်နေသည်။ Share post ဖြစ်ပြီး တင်ထားတာ မကြာသေးသော်လဲ post အောက်မှာ like က ရာကျော်နေပြီ ... ကျောင်းသင်္ကြန်ပြီးကတည်းက သူသူက အရင်ကထက်ပိုပြီး နာမည်ကြီးလာတာဆို ပိုမှန်သည်။

ကျောင်းသင်္ကြန်တုန်းက ကထားသည့် video က ကျောင်း page မှာတင် Like က K ချီနေအောင်ကို ရထားပြီး အပြင် page တွေ group တွေမှာပါ share ကြလို့ သူသူ့ acc မှာ followers တွေပါ များလာတာ အဆန်းတော့မဟုတ် ... ခုလေးတင် မယ်မင်းကြီးမရဲ့ share post တစ်ခုနဲ့တင် အောက်မှာ အသည်းဟက်တက်ကွဲကုန်သည့် အမျိုးကောင်းသားတို့က အပုံလိုက် ... React များစွာတို့ထဲ နောက်နားမှာ angry react လေးက ထင်ထွက်နေသည်။ ဘယ်သူပေးတာလဲ ကြည့်စရာမလို ဖေယံကလွဲရင် ပေးမယ့်သူမရှိ ...

တောင်....

'အူးဝါးးးး ကယ်ကြပါဦး သားလေးတို့ရေ ... မင်းတို့ မေမေ စာကျက်လို့မရတော့ဘူးဟ ... ခွေးဖြစ်တာ့မယ် T-T'

တွေးလို့တောင် မဆုံးသေး မယ်မယ်ဖုရား သူသူက group chat မှာ စတင်ညည်းလေပြီ ...

'ဘယ်ရမလဲ ဟန် ~ မင်း စာမှ မလုပ်တာ ... ခုအချိန်ပြည့် line ပဲ သုံးနေတာမလား'

မင်းမြတ် ဘာမှတောင်ဝင်မပြောရသေးခင် ဖေယံက စပြောလာသည်။ ဖေယံက သူသူ့ကို နာမ်စား အမျိုးမျိုး သုံးကာ ခေါ်တတ်သည်။ ပြောရရင်တော့ ဖေယံ ခမျာ သူသူ့ကို crush နေသူ ... သူသူက သိနေပေမယ့် လုံးဝအရေးမစိုက် ... ထားပါတော့ ...

'သူသူရေ စာကျက်ဟ ... နင် စာမရရင် ဘယ်သူမှ မကယ်နိုင်ဘူး ... စာမေးပွဲကျလို့ ခွေးဖြစ်ရင် ငါတို့ အုပ်စုက ခွေးမချစ်တတ်ဘူးဟ'

'အေးပါ ဝဲစားရေ ... နင့်အိမ်က ကီကီကလေ နင့်ကို ပုတ်ပြနေတယ် သိလား ... မြေကြီး'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now