Part 3(Zawgyi&Unicode)

11.4K 1.1K 23
                                    

[Zawgyi]

မင်းမြတ်မှာ ကျောင်းကနေ အဆောင်ကိုပြန်ရောက်တာနဲ့ အားကုန်ခါနီးပြီဖြစ်တဲ့ဖုန်းကို အားသွင်းထားခဲ့ပြီး ရေမိုးချိုးရန်ပြင်ရတော့သည်။

ရေမိုးချိုးအဝတ်စားလဲပြီး မနက်ကကမန်းကတမ်း ကျောင်းကိုပြေးရလို့ ရှုပ်ပွကျန်နေခဲ့တဲအခန်းကို ရှင်းရပြန်သေးသည်။ အခန်းရှင်းပြီးတာနဲ့ ရေမချိုးခင်က အားသွင်းထားခဲ့ဖုန်းကိုကြည့်လိုက်တော့ အားတောင်ပြည့်တော့မည်။

လုပ်စရာလည်းမရှိတော့တာကြောင့် သူသူနဲ့ကိုစိုင်းတို့ကို ခေါ်ပြီး Mobile Legend တစ်ပွဲလောက် တိုက်ဖို့တွေးကာ Data on လိုက်သည်။

" စာလည်း မပြန်ဘူးနော် "

" အတန်းချိန်တွေ မပြီးသေးဘူးလား "

" အတန်းဆင်းရင် အဆောင်ကို ဂရုစိုက်ပြန်နော်"

" အဆောင်ပြန်ရောက်ပြီလား "

Data on လိုက်တာနဲ့ တွေ့လိုက်ရတဲ့စာတွေကြောင့် မင်းမြတ်မှာ စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်တော့သည်။ စာပို့ထားတဲ့သူက တခြားသူမဟုတ်ပဲ သွေးခန့်
ဆိုတဲ့ အချေကောင်ဖြစ်သည်။ 

ဘာဖြစ်ချင်နေမှန်းမသိ။ မနေ့ကတည်းက စာတွေပို့နေတာကြောင့် သူသူပြောတဲ့ ချေတယ်ဆိုတာ သူမှဟုတ်ရဲ့လား၊ လူမှားနေတာလားလို့ပင် ပြန်တွေးယူနေရသည်အထိ။ စာပို့တဲ့သူကပို့ထားတော့ မကောင်းတတ်တာကြောင့် စာပြန်လိုက်တော့သည်။

" ဟုတ်ကဲ့ အဆောင်ပြန်ရောက်ပြီဗျ "

" စာပြန်ပီနော် ... ခုလေးတင်ချေလိုက်တာလို့ တွေးနေတာ "

စာပြန်ပြီးမကြာခင်မှာ reply က ချက်ချင်းဝင်လာသည်။ တစ်နေကုန်တစ်နေခမ်း Data on ထားသလားပင် အောက်မေ့ရသည်။

မင်းမြတ်ကတော့ တစ်နေကုန် data မ on နိုင်။ အိမ်ကပို့ပေးတဲ့မုန့်ဖိုးနဲ့ ဖုန်းဘေကို အကြိုက်ထည့်နေရင် အဆင်ပြေမှာမဟုတ်တာကြောင့် တစ်နေ့ကိုဘေတစ်ထောင်လောက်နဲ့သာ လောက်အောင်သုံးရသည်။

ဒင်းကစာပြန်တော့လည်း မချိုးမပြေ။ နေ့လည်က ကျောင်းမှာမလို့ သူသူနဲ့စကားပြောရင်း စာမပြန်ဖြစ်တာလည်းပါသည်။ ချေတယ်လေးဘာလေးနဲ့။ မင်းမြတ်က အနေသာအေးပေမယ့် ချေတယ်ပြောရင် နည်းနည်းလေးမှမကြိုက်ပေ။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now