Extra 1(Zawgyi&Unicode)

7.2K 407 40
                                    

[Zawgyi]

🎼မေမြို့ သို့မဟုတ် ပြင်ဦးလွင် ... တိမ်ခိုးလေးများ ခြုံသိုင်းပါလို့ဆင် ... ပန်းကမ္ဘာမျှော်စင် စခန်းသာခေါ်တွင် ... မြွေလိမ်မြွေကောက်လမ်းကလေးများ ဖြတ်ကာကျော်ခဲ့ရင် ... မြေပြင်ချိုင့်ဝှမ်း မန္တလေး အဝေးမှာမှုန်ဝါးမြင်🎼

မေမြို့ သို့မဟုတ် ပြင်ဦးလွင်လို့ ခေါ်တဲ့ မြို့လေးရဲ့ ဒီဇင်ဘာလက နှင်းငွေ့ဝေဝေနဲ့ သိပ်ကို လှပလွန်းတယ် ... တစ်ဆစ်ချိုး တောင်ကမ်းပါးတွေမှာ မြူနှင်းအခိုးငွေ့လေးတွေ ... ဒီလိုအချိန် မေမြို့ရဲ့ နှင်းဝေဝေဆောင်းမှာတော့ ပွဲတော်တစ်ခု ရှိလေရဲ့ ... ခရီးသွားမြို့လေး ဖြစ်တဲ့ မေမြို့ကတော့ တစ်နှစ်လုံးမှာ ပန်းပွဲတော် ဆိုတဲ့ အချိန်က အစည်ကားဆုံးပါပဲ ... တစ်နှစ်လုံး ဘယ်အချိန်မှာမှ မဖြစ်ဖူးတဲ့ စိတ်ညစ်စရာ traffic မျိုးက မေမြို့ဆောင်းမှာ ဖြစ်တယ် ... ဆိုတော့ကာ ထုံးစံအတိုင်း မင်းမြတ်တို့ အုပ်စုလဲ ပန်းပွဲတော် လည်ဖို့ ကန်တော်ကြီးကို သွားတဲ့ လမ်းမှာ ကားပိတ်နေလေရဲ့ ... ပန်းပွဲတော်ကို သွားလည်ကြမယ်ဆိုကာ လူစုပြီး သွေးခန့်ရဲ့ ကားနဲ့ ကန်တော်ကြီးကို ချီတက်လာကြခြင်း ...

'ကားကလဲ ပိတ်လိုက်တာဟာ ... အဲ့တာကြောင့် ပြောတာ စောစောလာပါဆိုတာ ... ခုတော့ မနက် ကိုးနာရီတောင် မထိုးသေးဘူး ကားတွေကို ကျပ်သပ်နေတာပဲ'

'အစ်မတော်ရယ် လူကြားကောင်းအောင် ပြောမနေနဲ့ ငါတို့က နင့်ကို စောစော လာခေါ်တယ်လေ နင်ပဲ အလှပြင်လို့ မပြီးလို့ စောင့်နေရကို နောက်ကျတာ ထည့်ပြောလေ'

ကားနောက်ခန်းမှာ ထိုင်ရင်း ပြောလာတဲ့ သူသူ့ရဲ့ အပြောကို ဘေးနားက ဇေယျာက ချေပသည်။ ကပ်ရပ်မှာ ထိုင်နေတဲ့ ဖေယံကလဲ မသိမသာ ခေါင်းတညိမ့်ညိမ့် ... သူသူကတော့ ဇေယျာရဲ့ စကားကြားပြီ ဆူပုပ်ပုပ်နဲ့ ငြိမ်သွားသည်။ ကားရှေ့ခန်းမှာတော့ သွေးခန့်က ကားမောင်ပြီး မင်းမြတ်က ဘေးမှာ ... သူငယ်ချင်းတွေ စုပြီး လည်ကြတယ် ဆိုပေမယ့် ကိုစိုင်းကတော့ လူရှုပ်ရှုပ် မလည်ချင်ဘူးဆိုကာ ပါမလာ ...

'ကိုစိုင်းကလဲ ဘာလဲ မသိဘူးဟာ ... သူငယ်ချင်းတွေ စုလည်ပါတယ်ဆို သူက ပါမလာဘူး'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now