Part 33(Zawgyi&Unicode)

5.2K 483 9
                                    

[Zawgyi]

'ဟဲ့ သွေးခန့် နင်တို့ နှစ်ယောက် ဘာဖြစ်ရပြန်တာလဲဟာ ငါပြန်သွားတာမှ ဘာမှ မကြာသေးဘူး ဟိုတစ်ယောက်ကငါ့ကို ဖုန်းဆက်ပြီး ငိုကြီးချက်မနဲ့ ငါတို့ မှားနေပြီလားဟင် ဆိုတာပဲ ပြောနေတယ် ဘာဖြစ်တာလဲ ပြောဦး'

အိမ်ထောင့်က မိသားစုဒန်းလေးပေါ် ငူငူကြီး ထိုင်နေတဲ့ သွေးခန့်ကို သူသူ့ခမျာ ဘေးကနေ ရိုက်ရိုက်ပြီး မေးနေတာတောင် စကားပြန်က မလာ ... အိမ်ပြန်ရောက်ပြီးလို့ ရေမိုးချိုးပြီးတုန်းလေး ရှိသေး မင်းမြတ်က ငိုကာ ဖုန်းဆက်လာတာမလို့ အိမ်မှာ အေးအေးဆေးဆေးတောင် မထိုင်ရသေး သွေးခန့်အိမ်ကို ပြန်ပြေးလာရတာ ... မနက်ကမှ အကောင်းကြီးကို ဘာဖြစ်ကြတာလဲ မသိ ...

'ငါမေးနေတယ်လေ သွေးခန့် နင်ဒီလိုကြီး လုပ်မနေနဲ့လေဟာ နင်ပြောမှ ငါသိမှာလေ ဟိုတစ်ယောက်ကလဲ ဘာမှမေးမရဘူး ငိုပြီး ငါတို့ မှားနေလားဆိုတဲ့ စကားပဲ ထပ်နေတယ်'

'ကိုကို ... ကိုကို အရမ်းငိုနေလားဟင်'

သူသူက အားပါပါနဲ့ သွေးခန့်ပုခုံးကို တစ်ချက်ထပ်ရိုက်ပြီး မင်းမြတ်ငိုနေကြောင်းပြောကာမှ စကားသံ ခပ်တိုးတိုးထွက်လာသည်။

'အေး ဘာဖြစ်ကြတာလဲ မနက်ကမှ အကောင်းကြီးလေ ရုတ်တရက်ကြီး မင်းမြတ်က ငိုကြီးချက်မနဲ့ ငါဆီဖုန်းဆက်ရအောင် ဘာပြဿနာ ဖြစ်သွားလို့လဲ'

'ငါလေ ငါ ... ကိုကိုမပြန်ခင်က ဟိုဘက်ခြံက ဆရာမကို တူတူသွားနှုတ်ဆက်ကြတာ အဲ့မှာ ဆရာမရဲ့ တူလေးကို တွေ့ပြီး ငါလဲ ဒီလိုသားလေးတစ်ယောက်လောက် လိုချင်တယ်လို့ ပြောလိုက်တာ ကိုကို အရမ်းစိတ်မကောင်းဖြစ်သွားတယ် ထင်တယ် ငါမရည်ရွယ်ပါဘူးဟာ ဒီတိုင်းပဲ ပြောလိုက်တာ ... ကိုကို သူ ... ငါလေ'

သွေးခန့်က ပြောနေရင်း စကားတို့က ရှေ့မဆက်နိုင်ပဲ နင့်နေတဲ့ အသံတွေနဲ့ စကားတို့က အစီစဉ်မကျတော့ ... တကယ်ကို ချစ်တတ်သွားရင် ကယ်လို့ကို မရတော့ပါလား ... ဖြစ်စဉ်ကို သေချာနားလည်သဘောပေါက်သွားတော့ သူသူ သက်ပြင်းချမိသည်။

'ငါ့အနေနဲ့ ဘေးလူဆိုတော့ ဘာမှတော့ မပြောချင်ဘူး ပြီးတော့ ဒီကိစ္စမှာ နင်လဲ မမှားသလို မင်းမြတ်လဲ မမှားဘူး ... ဒီတိုင်းနားလည်မှု လွဲသွားတာ သူက နင့်ကို အရမ်းချစ်တာဟ နင့်လိုတွေ ချစ်တာကို အမြဲလိုလိုထုတ်မပြရင်သာနေမယ် သူအရမ်းချစ်တာ ... ပြီးတော့ သူငိုတယ်ဆိုတာ သူနဲ့ သူငယ်ချင်းဖြစ်ကတည်းက ခုထိ ငါမကြုံဖူးသေးဘူး'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now