Part 37(Zawgyi&Unicode)

5.1K 427 9
                                    

[Zawgyi]

မနက်ခင်းနေရောင်စူးစူးကြောင့် မင်းမြတ် အိပ်ရာကနေနိုးလာသည်။ အိပ်ရာနိုးနိုးချင်း တင်းကျပ်နေအောင် ဖက်ခံထားရတာကြောင့် ကြည့်လိုက်တော့ ခန့်ရဲ့ရင်ခွင်နွေးနွေးထဲရောက်နေတာပင် ... မနေ့ညက ကိစ္စကြောင့်လားတော့မသိ ... မင်းမြတ်တစ်ကိုယ်လုံး နည်းနည်း လှုပ်လိုက်တာနဲ့ ကိုင်ရိုက်ထားသလို ကိုက်ခဲနေပြီး အနောက်ဘက်ကလဲ စပ်ဖျင်းဖျင်းနဲ့ နေရခက်နေသည်။

လူက နုံးချိနေတာကြောင့် အိပ်ယာပေါ်ကနေလဲ မထချင် ... ခန့်ကလဲ မနိုးသေးတာကြောင့် ခဏမှိန်းနေဖို့ ပြန်ပြင်ပြီးကာမှ မျက်စိရှေ့က ခန့်ရဲ့ ရင်ခွင်ကျယ်ကြီးကို မော့ကြည့်မိသည်။ သူ့အတွက်ဆို အမြဲတမ်းနွေးထွေးမှုတွေ ပေးတဲ့ရင်ခွင် ... အချစ်နဲ့ အနီးဆုံးမှာနေရခြင်းက
စိတ်ရော ကိုယ်ပါ လုံခြုံပြီး နွေးထွေးစေတာမျိုး ... မင်းမြတ်လဲ ခန့်ရဲ့ အဝတ်မကပ်တဲ့ ရင်ဘတ်ပေါ် အနမ်းခပ်ဖွဖွ တို့ကို ဆက်တိုက်ဆိုသလို ခြွေချမိသည်။

'ကိုကို ကိုယ့်ကို ခိုးနမ်းနေတယ်ပေါ့´

'ဟင် ခန့် ဘယ်တုန်းကတည်းက နိုးနေတာလဲ´

'ကိုကို့ ထက်အရင်နိုးနေတာပါဗျာ ကိုကို လှုပ်လာလို့ ကိုယ် ပြန်အိပ်ချင်ယောင်ဆောင်နေတာ အဆင်ပြေရဲ့လားကိုကို ဟိုလေ´

'အားးး ခန့် မပြောနဲ့´

သွေးခန့်ရဲ့ စကားကြားတော့ ရင်ခွင်ထဲက နွေဦးငယ်လေးက ရှက်သွားသည်ထင်သည်။ အတင်းအော်ကာ သွေးခန့်ရဲ့ ရင်ခွင်ထဲ ပြန်ဝင်ကာ မျက်နှာကို ဖွက်ထားသည်။ ဒီအသည်းအူတုံနဲ့တော့ အူယားလို့ သေမှာပဲ !!! ... သွေးခန့်လဲ အသည်းယားလွန်းလို့ မနေနိုင်တော့တာကြောင့် နွေဦးငယ်ကို ဖက်ထားတဲ့ ကြားကနေ ပိုပိုပြီး တင်းတင်းဖက်လို့ ဖျစ်ညှစ်မိတယ် ....

'အား အ့ ခန့် အရမ်းမလုပ်နဲ့ ကိုကို ... ဟို´

'ကိုကို ဘာဖြစ်လို့လဲ´

'ကိုကို နာနေတုန်းမလို့´

သွေးခန့်က မသိချင်ယောင်ဆောင်ကာ မေးလိုက်တော့ မျက်နှာလေးနီကာ ခပ်တိုးတိုးလေး ပြောသည်။ မနေနိုင်တော့တာကြောင့် သွေးခန့်လဲ နွေဦးငယ်လေးရဲ့ မျက်နှာလေးကို ဖက်ထားတဲ့ လက်တစ်ဖက်မြောက်ရင်း အသာဆွဲယူကာ မျက်နှာ အနှံ့အနမ်းခြွေချမိသည်။ သွေးခန့် သဘောအကျဆုံး အရာက နွေဦးငယ်လေးရဲ့ မျက်နှာအနှံ့ကို တရှုံ့ရှုံ့နမ်းရတာပင် ... နမ်းလိုက်လို့ ရှက်သွားတဲ့ ပုံလေးကို တစိမ့်စိမ့် ကြည့်မယ် ... နွေဦးငယ်နဲ့တင် သူ့အချစ်တွေ ပြည့်စုံစေမယ် ...

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now