Part 29(Zawgyi&Unicode)

6.2K 525 6
                                    

[Zawgyi]

ညနေပိုင်း သွေးခန့် အိမ်ကနေ ပြန်သွားကတည်းက မေကြီး ပေါက်ပေါက် ထပ်ဖောက်နေမှာ စိုးလို့ မင်းမြတ် အခန်းထဲ ဝင်လာပြီး အိပ်ယာထဲဝင် ထိုးအိပ်နေလိုက်တာ ပြန်နိုးလာတော့ ညကိုးနာရီတောင် ထိုးတော့မည်။ အိပ်ယာနိုးနိုးချင်း သွေးခန့် ဖုန်းခေါ်ထားမလားလို့ ဖုန်းကို ယူကြည့်လိုက်တော့ missed call အနီ ရဲရဲလေး ရှစ်ခု ... မင်းမြတ် အိမ်မှာ မေကြီးနဲ့ စကားပြောပြီး အဆင်မပြေမှာ စိုးလို့ မကိုင်မချင်း ခန့်က ခေါ်နေပုံရသည်။

🎼🎼Well you done done me ... 🎼🎼

မင်းမြတ် ဖုန်းကို ကြည့်နေတုန်း ရှိသေး သွေးခန့်ဆီကလေ ဖုန်းထပ်ဝင်လာတာကြောင့် ချက်ချင်းဖုန်းကိုင်လိုက်သည်။

'ဘာလို့ ဖုန်းမကိုင်တာလဲ ကိုကို ရာ ကိုယ်အရမ်းစိတ်ပူနေတာ အန်တီနဲ့ ပြဿနာ ဖြစ်လို့လား'

မင်းမြတ် ဖုန်းကိုင်လိုက်ပြီး ထူးတောင်မထူးရသေးခင် သွေးခန့်ရဲ့ တရစပ် အမေးစကားတို့ကို အရင်ကြားရသည်။ သွေးခန့် ပြောလဲ ပြောချင်စရာ ... ညနေကတည်းက မေကြီးနဲ့ နည်းနည်း အခြေအတင် ဖြစ်ပြီးတော့ ပြန်ခိုင်းလိုက်တာဆိုတော့ နောက်ဆက်တွဲ ပြဿနာ ထပ်ဖြစ်မှာ စိုးရိမ်နေပုံ ...

'ဖြေးဖြေးပြောပါ ခန့်ရာ ဘာမှမဖြစ်ဘူး မစိုးရိမ်နဲ့နော် မင်းပြန်သွားပြီးကတည်းက မေကြီးနဲ့ စကားထပ်ပြောနေရမှာ စိုးလို့ အခန်းထဲ ဝင်ပြီး အိပ်လိုက်တာ အရမ်းအိပ်ပျော်သွားလို့ ဖုန်းခေါ်ထားတာ မသိလိုက်တာပါကွာ မစိုးရိမ်နဲ့တော့ ဟုတ်ပြီလား ငါ အခု ဖုန်းကိုင်ပြီလေနော်'

'ကိုယ်က စိတ်ပူသွားတာလေ ဖုန်းလဲ ခေါ်မရတော့ ကိုကို အဆင်မပြေဘူးထင်ပြီး ကိုကို့ဆီကိုပဲ မြန်မြန် ပြေးလာရတော့မလိုနဲ့ ယောက်ယက်တွေ ခပ်ကုန်တာပေါ့'

သွေးခန့် စကားကို မင်းမြတ်ကြားတော့ မမြင်နိုင်မှန်း သိရက်နဲ့ သက်ပြင်းအသာချပြီး ခေါင်းရမ်းမိသည်။

'ကိုးနာရီတောင် ထိုးနေပြီ ခန့် မေရော အိပ်ပြီလား'

'မေက ခုလေးတင် ဘုရား ရှိခိုးပြီးလို့ အိပ်တော့မယ်ဆိုပြီး အပေါ်ထက်က အခန်းထဲတောင် ဝင်သွားပြီ ကိုယ်က အောက်ထပ်က ဧည့်ခန်းထဲမှာ ထိုင်နေတာ'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now