Part 5 (Zawgyi&Unicode)

10.4K 1K 13
                                    

[Zawgyi]

အတန်းချိန်တွေလဲ ဖင်လှည့်ခေါင်းလှည့်နှင့် တနင်္လာနေ့ကျောင်းတက်ရက် တစ်ရက် ကုန်ပြန်သည်။ သူသူနှင့် ကိုစိုင်းက အဆောင်ချင်းနီးသည်မို့ အတူပြန်ကြသည်။ မင်းမြတ်က နည်းနည်းလှမ်းသည်မို့ သတ်သတ် ပြန်သည်။ ကျောင်းကနေ အဆောင်ကို ပြန်ရောက်ရောက်ချင်း မင်းမြတ် ထုံးစံအတိုင်း ရေမိုးချိုး အဝတ်အစားလဲ အခန်းသန့်ရှင်းရေး လုပ်ပြီးကာမှ ဖုန်းကောက်ကိုင်လိုက်သည်။ လိုင်းဖွင့်ဖွင့်ချင်း chat box က ဘာစာမှ ဝင်နေသည်ကို မတွေ့ရ ... မင်းမြတ်ထင်နေသည့် အတိုင်းပင် ပြောစရာ လူမရှိလို့ တစ်ရက်နှစ်ရက်လောက် သူ့ကို စကားလာပြော ... ပြီးရင် သူစိမ်းတွေလို ဖြစ်သွားကြသည်ချည်းကို မင်းမြတ် သိနေရက်နှင့် ခင်လို့ စကားလာပြောတယ် ထင်နေသေးသည်။ မင်းမြတ်လဲ ဆက်မတွေးမနေတော့ပဲ facebook ဖွင့်ကာ new feed သာ ပွတ်နေလိုက်သည်။

တောင် ....

'Hey'

'ကိုယ် မနက်က မင်းကို canteen မှာ တွေ့လိုက်တယ်'

မင်းမြတ်တွေးနေတုန်းရှိသေး ... chat box က စာဝင်လာပြန်တော့လဲ စိတ်ထဲ နည်းနည်း ကြည်သွားသလို ... အင်း နည်းနည်း ...

'အင်း ... ကျွန်တော်လဲ တွေ့တယ်'

ဘာမှလဲ ငြင်းခုန်နေစရာ မရှိသည်မို့ မင်းမြတ်လဲ ချက်ချင်း စာပြန်လိုက်သည်။

'ကိုယ်တို့ သူငယ်ချင်း လုပ်လို့ ရမလား ... ကျောင်းလဲတူနေတာပဲလေ ... Major တွေ မတူကြပေမယ့် ??'

သူ့ဘက်က အဲ့လိုမေးလာတော့ မင်းမြတ် အံ့သြရပြန်သည်။သွေးခန့်လို King က သူနဲ့ ခင်ချင်တယ်ဆိုတာ ထူးတော့ ထူးဆန်းနေတယ် မလား အကြောင်းအရင်းများရှိနေသလား ... တွေးနေရင်း မင်းမြတ်သတိရလိုက်မိတာက ... သူသူ ... သူငယ်ချင်းမလေး သူသူကို သွေးခန့် စိတ်ဝင်စားနေလို့ သူနဲ့ ခင်အောင်ပေါင်းပြီး သူသူ့ နား ကပ်မလို့လားမသိ ... ခင်ချင်တယ်ဆိုလဲ ခင်ချင်တယ်ပေါ့ ... သူသူ က ကျန်တာ ဂရုစိုက်မှာ မဟုတ် ... အဆင်လေးနဲ့ ခင်ရတော့မယ်ဆိုပြီးတော့သာ စိတ်ထဲရှိနေမည့် လူမျိုး... မင်းမြတ်လဲ ဆက်တွေးမနေတော့ပဲ သူငယ်ချင်းလုပ်ကြလဲ နစ်နာစရာမရှိသည်မို့ ..

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now