Part 7 (Zawgyi&Unicode)

10K 982 7
                                    

[Zawgyi]

'Hey guys ... ဒီနေ့ အားကြလားဟေ့'

မင်းမြတ် new feed ပွတ်နေတုန်း သူသူ့ ထံမှ စာဝင်လာသည်။ Private cb တွင်တော့ မဟုတ် ... group chat ထဲတွင် ဖြစ်သည်။ မင်းမြတ်တို့ အုပ်စုနှင့် သွေးခန့်တို့ အဖွဲ့ နှစ်ဖွဲ့ပေါင်းသွားပြီးနောက် group chat လေး တစ်ခုလုပ်ဖြစ်သည်။ အကုန်လုံးကလဲ သူငယ်ချင်း အရင်းကြီးတွေလို ပြောမနာဆိုမနာနဲ့ တော်တော်ရင်းနှီးနေကြပြီဖြစ်သည်။ နောက်ပိုင်းလဲ ကျောင်းမှာမဟုတ်ပဲ ပြောစရာစကား ရှိကြလျှင် group chat တွက်သာ ပြောကြသည်။ အခုလည်း ကျောင်းပိတ်ရက်မို့ သူသူ ဘာပြောဦးမလဲ မသိ ..

'အေး အားတယ်ဟ'

'အားတယ် သူ'

'အားပါတယ်ဝေ့'

'inn'

Group ထဲက လူတွေ အကုန်လုံး online ဖြစ်နေကြသည်ထင် ... သူသူ့ စာရောက်ပြီး ခဏကြာ ကိုစိုင်းထံမှ အားကြောင်း စာထပ်ဝင်လာသည်။ နောက်တော့ ဖေယံ နှင့် ဇေယျာတို့ထံမှလည်း တစ်ပြိုင်တည်း အားကြောင်း စာရောက်လာသည်။ နောက်ဆုံးက တည်ငြိမ်သူ အမောင် ကိုခန့်ကတော့ အေးအေးဆေးဆေး inn တစ်လုံးတည်း ... မင်းမြတ်လဲ chat head ကို နှိပ်ပြီး keyboard ပေါ် လက်ချောင်းလေးများ ပြေးလွှားလျက်

'အားတယ် သူသူ ... ဘာဖြစ်တုန်း အဲ့တော့'

'အားနေကြတာပဲဟာ ... ငါတို့တစ်ဖွဲ့လုံး ရုပ်ရှင်သွားကြည့်ရအောင်လေ ... ပျင်းလို့သေတော့မယ်ဟ'

စာမေးပွဲနီးနေတာကို သူသူဆိုသည့် အမျိုးအနွယ်လေးက ခွေးဖြစ်ချင်နေသည်လား အောက်မေ့ရသည်။ တစ်ဖွဲ့လုံးက Major မတူပေမယ့် အကုန် Third year တွေချည်း... စာမေးပွဲကလည်း အကုန်တစ်ရက်တည်း ဖြေရမည်ဖြစ်သည်။ ကျောင်းပိတ်ရက် စာလုပ်တာ မလုပ်တာ အပထား ... ခုချိန်က စိတ်ဖြောင့်ဖြောင့် လည်လို့ကောင်းမယ့် အချိန်မျိုးမဟုတ် ...

'လုပ်ပါဟာ ... သွားကြရအောင် စာလည်း လုပ်လို့မရတော့ဘူးဟ ... ခေါင်းပူနေပြီ ခေါင်းလေးဘာလေးသွားဆေးကြရအောင် . နော်နော် ...'

'အေး သွားကြမယ်'

'သူ ~ ပြောတာ မှန်တယ် ... ခေါင်းသွားဆေးရအောင်ကွာ ... အပြန်မုန့်ဝင်စားကြတာပေါ့'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now