Part 24(Zawgyi&Unicode)

6.7K 614 36
                                    

[Zawgyi]

'မုန့်လုံးရေပေါ် မစားရလို့ ကျွတ်နေတာနော် yarr ... ငါ့ကို စတုဒီသာ ကျွေးကြပါ'

ထုံးစံအတိုင်း Group chat မှာ သူငယ်ချင်းတွေ စကားမပြောတာကြာလို့ ပြောနေကြရင်း မုန့်လုံးရေပေါ် စားရရေး ဒို့အရေး ကြွေးကြော်နေသူကား သူသူ ... သင်္ကြန်အကြိုနေ့ ဖြစ်နေပေမယ့် Virus ကြောင့် ပွဲတော်တွေ ကျင်းပခွင့် မရှိလို့ အုပ်စုလိုက် ပျင်းနေကြခြင်း ...

'ငတ်ကြီးကျပြန်ပြီ သူသူရာ ဘာပွဲမှမရှိတော့ ဘယ်မှာမှ မုန့်လုံးရေပေါ်မရဘူး ဘာစတုဒီသာမှ မရှိဘူး'

'ရက်စက်လိုက်တာ ဒီချိန် တရုတ်ကို အော်ဆဲချင်ပေမယ့် တရုတ်မှာ ငါ့ လင်တစ်သိုက်ရှိနေတော့ ထိန်းထားရတယ်'

'ဟန် !!!'

သင်္ကြန်မလုပ်ရလို့ စတုဒီသာမရှိကြောင်း မင်းမြတ်က ပြန်ပြောနေရင်း သူသူကလဲ ပြန်ပြောတော့ သူ့ idol တွေ အကြောင်းပါလာသည်။ ရိုးရာမပျက် ဖေယံရဲ့ မနာလို တိုရှည် reply က ချက်ချင်း ...

'မစားရ အညှော်ခံလုပ်မနေနဲ့ ရမှာလဲ မဟုတ်တာကို'

'ဒီဖေ ! ပါးတွေကြည့်ရိုက်မှာနော် ဝဲစား'

သူသူ့ ရဲ့ reply ကို ကြည့်ရင်း မင်းမြတ် ရယ်မိသည်။ ဒီကောင်မလေး စကားမပြောရတာ ကြာနေလဲ ဆဲတတ်တာက မပြောင်းသေး ... ပြောသေးတယ် ဆဲတယ်ဆိုတာ သူငယ်ချင်းတွေကိုပဲ သီးသန့်ဆဲသည်တဲ့ ... ကြံဖန်ပြီးတောင် ဂုဏ်ယူရမလို ...

တောင် ...

'ကိုမြတ်ရော မုန့်လုံးရေပေါ် စားချင်လား'

group chat မှာ ပြောနေရင်း သွေးခန့်က မင်းမြတ်ဆီကို စာသတ်သတ် ပို့လာတာကြောင့် ပြုံးမိသည်။

'အင်းးး သင်္ကြန်ဆိုတော့ စားတော့ စားချင်တယ် ဒီလို အချိန်လေးပဲ စားရတာကို'

'ကိုယ့် အိမ်မှာ အကုန်စုပြီး လုပ်စားကြရအောင် ကိုယ် ကောက်ညှင်းဆန်မှုန့် ရယ် လိုတာတွေရယ် ဝယ်ထားလိုက်မယ် ကိုမြတ်တို့ လာခဲ့လေ'

'အဲ့တာလဲ ကောင်းတယ် ငါ gp ထဲ ပြောလိုက်မယ်နော် ခန့်'

သွေးခန့် စာပြန်တာကို မစောင့်ပဲ တစ်ဖက်က gp ရဲ့ chat head လေးကို နှိပ်ပြီး သွေးခန့် အိမ်မှာ မုန့်လုံးရေပေါ်လုပ်စားကြမဟ်ဖြစ်ကြောင်း မင်းမြတ် ပြောလိုက်တော့ ငတ်ကြကျနေသူ သကောင့်သား အုပ်စုက နှစ်ခါ မပြောရ ချက်ချင်းကို လက်ခံသည်။ အကုန်သဘောတူပြီဆိုတော့ သွေးခန့် အိမ်ကို သွားဖို့ ပြင်ရတော့သည်။ line out မယ် လုပ်နေတယ် တစ်ဖက်က သွေးခန့်ရဲ့ chat head လေးကို ကြည့်တော့ စာထပ်ပို့ထားသေးသည်။

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now