Part 11(Zawgyi&Unicode)

8.7K 845 15
                                    

[Zawgyi]

'ကိုမြတ် ကိုယ်တို့ ထန်းတော သွားရအောင်ဗျာ'

Group chat ထဲမှာ စကားပြောနေကြတာ အကောင်းကြီးရှိနေရက်နဲ့မှ မင်းမြတ်ရဲ့ private cb ထိလာပြီး သွေးခန့်တို့ ထဖောက်တော့သည်။ ပြောနေတဲ့ပုံက ကလေး မုန့်ပူဆာသလို ဆောင့်ကြီးအောင့်ကြီးနဲ့ ...

'ငါတို့ချည်းပဲ သွားလို့မကောင်းဘူးလေ ကိုခန့်ရာ ဟိုလေးယောက်က အားမှမအားတာ သူတို့အားမှ တူတူ သွားစားမယ်လေကွာ'

'ကိုယ်က စားချင်နေပြီဗျ သူတို့အားတဲ့အထိဆို စောင့်ရတာ ကြာနေမှာ'

အမှန်ကတော့ gp chat ထဲမှာ သွေးခန့်က ရတနာပုံတက္ကသိုလ် အနောက်ဘက်က ထန်းတောမှာ ဆိတ်ထောင်းထမင်းနဲ့ ငါးချဉ်စပ် သွားစားကြမယ်ဆိုတာကို အဆိုတင်သွင်းလာသည်။ ဖြစ်ချင်တော့ မင်းမြတ်ကလွဲပြီး ကျန်တဲ့ လေးယောက်က ခရီးခဏထွက်နေတဲ့ သူနဲ့ အိမ်မှာ ဝိုင်းကူပေးနေရတဲ့ သူတွေမလို့ မအားကြ...

'ငါလဲ လိုက်ပေးချင်ပါတယ်ကွာ ခုက မေမြို့မှာဆိုတော့ တကူးတကကြီး မန္တလေး လာနေရမှာလေကွာ ကိုခန့်ကလဲ ငါတစ်ယောက်တည်း မန္တလေး ဆင်းလာမယ်ဆိုလဲ အိမ်က မလွှတ်လောက်ဘူးကွ'

'ကိုယ် လာခေါ်မယ်လေ ကိုမြတ်ရာနော် သွားစားရအောင်ဗျာ '

'ကလေးလား ကိုခန့်ရာ ဇွတ်ကိုပဲ မင်းငါ့ကို လာခေါ်မယ်ဆို တကူးတကကြီး လာနေရမှာကွ'

'...'

စာမေးပွဲ ပြီးသွားတော့ သွေးခန့်က သူ့အဖွားရှိတဲ့ မန္တလေးမှာနေခဲ့တော့ ကိစ္စမရှိပေမယ့် မေမြို့ကို ပြန်လာတဲ့ မင်းမြတ်အဖို့ကတော့ တကူးတကကြီး တစ်ယောက်တည်း သွားရလာရမှာ ဖြစ်နေတာကြောင့် အကုန်အားတဲ့ အခါကျမှသာ စုသွားကြဖို့ ပြောနေခြင်း ... သွေးခန့်က လာခေါ်မယ်ဆိုတော့လဲ တကူးတကလာခေါ် ပြန်သွားနေရတာမျိုးနဲ့ ခေါက်တုံ့ခေါက်ပြန်ကြီး အဆင်မပြေ ... ဘာမှဆက်မပြောတော့ပဲ သွေးခန့်ဘက်က ငြိမ်သွားပြန်တော့လဲ မင်းမြတ် မနေတတ် ... အရင်ဆို ခပ်အေးအေးနေတတ်တဲ့ သူက ခုလို ဇွတ်တရွတ် ပြောဆိုနေတော့ တကယ် စားချင်နေတာ သိသာသည်။

'ကိုခန့် အဲ့တာဆို ငါမေမြို့ကနေ ကားဌားပြီးတော့ မင်းဆီလာခဲ့မယ်ကွာ ... ထန်းတော သွားမယ်ဆိုရင် အပြန်တော့ နောက်မကျလောက်ဘူးမလား'

 မျှော်လင့်ချက်လေးမပျက်ချင်ပါ / မျှော်လင့်ချက်လေးမပျက်ချင်ပါ [Completed]Where stories live. Discover now